506+507+508+509+510

225 32 1
                                    

အပိုင်း(၅၀၆) ကိုယ်ပျောက်ပုတီးစေ့

   "ရတနာရှာဖို့?"
   ကျန်တဲ့ကျိုးကလန်ဂျူနီယာတွေက ကျိုးဟောင်ကိုကြည့်ပြီး အံသြသွားတယ်

   "တောရိုင်းသစ်တောကို လာမှတော့ ရည်ရွယ်ချက်တစ်ခုဘဲရှိလိမ့်မယ် အဲ့တာက
ရတနာရှာတာဘဲ" ကျိုးဟောင်မျက်လုံးတွေ
ဝင်းလက်ကာပြောလိုက်တယ် "ပြီးတော့သူတစ်ယောက်တည်း အခုလိုတောထဲစွန့်စားရဲတာ သူ့ကျွမ်းကျင်မှုကြောင့် ဘာကိုမှမကြောက်လို့ဘဲ" 
  
   "နောက်တစ်ခုက လျို့ဝှက်ရတနာတိုက်တည်နေရာတွေဘာတွေကို သူရှာတွေ့ထားလို့ တစ်ယောက်တည်းအပိုင်သိမ်းဖို့လာတာလဲ ဖြစ်နိုင်တယ်"

   "အကယ်၍ ငါတို့သူ့နောက်ကိုလိုက်မယ်ဆိုရင် နည်းနည်းပါးပါး အကျိုးအမြတ်ရလိမ့်မယ်"

   လောဘကြီးတဲ့ အကြည့်နဲ့သူပြောလိုက်တယ်

  "နောက်ယောင်ခံလိုက်ဖို့လား?"
  
  "အဲ့လိုလုပ်တာမကောင်းဘူးနော် ဒီကောင်ကလူပါးဝပေမဲ့ သူ့ခွန်အားကအတုအယောင်မဟုတ်ဘူး"
  
   "ဟုတ်တယ် အမှတ်တမဲ့ငါတို့သူ့နောက်လိုက်တာကို သူရှာတွေ့သွားရင် ကောင်းမှာမဟုတ်ဘူး"

   ကျိုးကလန်ဂျူနီယာတွေက နည်းနည်းတော့စိတ်ဝင်စားနေပါတယ် ရှပင်လိုကျွမ်းကျင်သူနောက်လိုက်ပြီး အတူတူရတနာရှာဖွေမယ်ဆိုရင်ရှပင်အမှားတွေကို အခွင့်ကောင်းယူနိုင်ပြီး အကျိုးအမြတ်ရနိုင်ပါတယ်

  ပြဿနာက တစ်ဖက်လူရဲ့သိုင်းတာအိုခွန်အားက ကြောက်စရာကောင်းတဲ့အတွက် ဒီကောင်ရှာမတွေ့အောင် သူ့နောက်လိုက်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်
 
  "ဘာမှမဖြစ်ဘူး"
   ကျိုးဟောင်က သရော်လိုက်တယ် "ငါ့ဆီမှာ ကိုယ်ပျောက်ပုတီးစေ့ဆိုတဲ့ လျို့ဝှက်ရတနာရှိတယ် ငါ့ချီကျင့်စဥ်ကိုလည်ပတ်ပြီး ဒီရတနာကို အသုံးပြုလိုက်မယ်ဆိုရင် ငါတို့အားလုံးကို ကိုယ်ဖျောက်ပေးနိုင်စွမ်းရှိတယ်"

  "ငါတို့အော်ရာတွေ, ခြေသံတွေကိုတောင် ဒီကိုယ်ပျောက်စွမ်းအင်က သီးခြားခွဲထားပေပြီး ဂရန်းမာစတာအထွတ်အထိပ်တွေတောင် ငါတို့ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး"
  
  ဘာ?!
  ဒီစကားကြားတာနဲ့ ကျန်တဲ့ကျိုးကလန်ဂျုနီယာတွေအားလုံး အံ့အားသင့်သွားကြပြီး "ကိုယ်ပျောက်ပုတီးစေ့က မင်းဆီမှာရှိနေတာလား?, အဲ့တာဘာလို့ အစတည်းကမသုံးရတာလဲ?"

God level demon(201-ongoing)Where stories live. Discover now