501+502+503+504+505

242 33 1
                                    

အပိုင်း(၅၀၁) မြင့်မြတ်တဲ့ အလင်းယာဥ်ကိုအသွင်ပြောင်းခြင်း

    "ဒင် ဒေါင်!"
    နောက်တစ်စက္ကန့်အကြာမှာ ရှပင်ဘဏ်အကောင့်ထဲကို ဖက်ဒရယ်ဒေါ်လာ ကုဋေ၁၈၀၀၀ ဝင်လာပါတယ် သူ့မှာအရင်ကရှိနေတာနဲ့ ပေါင်းရင် လက်ရှိသူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုက ဒေါ်လာကုဋေ၂၀၀၀၀ကျော်သွားပါပြီ

   ကောင်းကင်တိမ်တိုက်ကမ္ဘာတစ်ခုလုံးကို ခြုံကြည့်လိုက်ရင်တောင် ဒီပမာဏကိုပိုင်ဆိုင်နိုင်တဲ့သူ့ကို အလွန်ချမ်းသာသူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ် ဒါဟာသာမန်လူတွေ တစ်ဘဝလုံးမရနိုင်တဲ့ ကြွယ်ဝမှုဖြစ်ပါတယ်

   ဒါပေမဲ့ ဘုရင်တွေ, ကြောက်ခမန်းလိလိဂရန်းမာစတာတစ်ချို့နဲ့တော့ သူသွားယှဥ်လို့မရသေးပါဘူး 
 
  "ဒီလောက်ပိုက်ဆံအများကြီးရထားတော့ ဘယ်လိုသုံးမယ်လို့ မင်းစဥ်းစားထားလဲ?" လီအန်ခွမ်က စပ်စပ်စုစုမေးလိုက်တယ် ဒီပမာဏကအရမ်းအရမ်းများတဲ့အတွက် သူ့လိုဂရန်းမာစတာတောင် နည်းနည်းလောဘတက်လာပါတယ်

   ရှပင်ချက်ချင်းပြန်ဖြေလိုက်တယ် "ကျွန်တော့်ရဲ့ ကိုယ်ပိုင်အာကာသယာဥ်ဖြစ်တဲ့ မြင့်မြတ်တဲ့အလင်းယာဥ်ကို အဆင့်မြှင့်တင်တဲ့နေရာမှာသုံးစွဲဖို့
စဥ်းစားထားတယ်"

   ကိုယ်ပိုင်အာကာသယာဥ်တွေရဲ့ အရေးပါမှုကို သူပိုပိုပြီး တွေ့ရှိလာပါတယ် ကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ မျက်နှာပြင်ဧရိယာက အရမ်းအရမ်းကျယ်တာကြောင့် မကြာခနဆိုသလိုကီလိုမီတာသိန်းခချီအကွာအဝေးနဲ့ ခရီးသွားရတတ်ပါတယ် အကယ်၍လူသားအမြန်နှုန်းနဲ့သာဆိုရင်နေရာတစ်ခုကို သွားလာနေရင်းနဲ့ အသက်ထွက်သွားမှာပါ

    ဒါပေမဲ့ အာကာသယာဥ်နဲ့ဆိုရင်တော့ နေရာပေါင်းစုံကို ပျံသန်းနိုင်ပြီး အရှိန်ကလည်း အလွန်မြန်တဲ့အတွက် ခရီးသွားတဲ့ကြာချိန်အများကြီးတိုတောင်းသွားပါတယ် ဒါကအလွန်အရေးကြီးတဲ့ ပို့ဆောင်ရေးယာဥ်ဖြစ်ပါတယ်

   ထို့အပြင်အာကာသယာဥ်မှာ ပြင်းအားကောင်းတဲ့ နည်းပညာမြင့်လက်နက်ပေါင်းစုံပါတာကြောင့် ခွန်အားကြီး သားရဲမွန်းစတားနဲ့ကြုံရင်တောင် ထွက်ပြေးတာ, သတ်ပစ်တာတွေ လုပ်နိုင်ပါတယ်

God level demon(201-ongoing)Where stories live. Discover now