EP(10)

97 15 4
                                    


"ဆွန်မင်းကဘာလို့ရုံးမတက်တာလဲဒါမီ"


ဘုရားရေ!!!မချစ်ဘူးဆိုပြီးအမြဲပြောနေတဲ့လူက ဟိုကတစ်ရက်လေးရုံးမလာလိုက်တာနဲ့ဘဲ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ညီမဖြစ်သူကိုရုံးခန်းထဲလိမ်ခေါ်နေတဲ့ဒီယောကျာ်းသားဟာ
ဟွမ်ဟျွန်ဂျင်းဖြစ်နေလို့သာ တစ်ခြားယောကျာ်းသာဆိုရင်  စိတ်ရှိလက်ရှိထုထောင်းပြစ်ပါမည်။


"သိချင်ရင် ကိုယ့်ဘာသာဖုန်းဆက်မေးပေါ့ကိုကိုရာ"


ဘယ်နှယ့်~ဆွန်မင်းအိုပါးရုံးမတက်တာ သူမကိုလာမေးနေရအောင် သူမကဆွန်မင်းအိုပါးကိုအချိန်တိုင်းလိုက်ကြည့်နေတဲ့သူမှမဟုတ်တာ။


"ဟွမ်ဒါမီ ငါကောင်းကောင်းမေးနေတုန်း​ဖြေနော် မဟုတ်ရင်နင်ဟိုကောင်လေးနဲ့ရည်းစားဖြစ်နေတဲ့အကြောင်း အန်တီလေးနဲ့တိုင်မှာ"


ဟန်ဂျီဆောင်းနဲ့သူမရည်းစားဖြစ်နေတာကိုသိသွားပြီးကတည်းက ခိုင်းချင်တာရှိတိုင်း လူကို ရည်းစားထားတာမာမီနဲ့တိုင်မယ်ဆိုပြီး ခြိမ်းခြောက်အနိုင်ကျင့်လေသည်။


အိမ်ကမသိအောင်ရည်းစားထားရတဲ့ဒါမီအဖို့ ဒီအချက်လေးတစ်ချက်ကပင် ဟျွန်ဂျင်းရဲ့ခြိမ်းခြောက်စရာဖြစ်နေလေသည်။


"အရေးကြီးကိစ္စရှိလို့လို့ဘဲပြောပြီး ခွင့်တင်ထားတာဘဲ ဘာကိစ္စလည်းတော့ဒါမီလည်းမသိဘူး"


"အေးပါ မသိလည်းထားတော့ဟာ သွားတော့"


မလိုအပ်တော့တာနဲ့တန်းကိုမောင်းထုတ်နေတဲ့အစ်ကိုဖြစ်သူကို စိတ်ထဲကတင်သာမကကျိန်ဆဲလိုက်သည်။


"မလိုတာနဲ့တန်းနှင်ထုတ်ရလားဟွမ်ဟျွန်ဂျင်းရှီးးး တစ်ခါတစ်လေစဥ်းစားမိတယ် ဆွန်မင်းအိုပါးဘာလို့များကိုကို့ကိုလိုလူမျိုးကိုကြိုက်ခဲ့ဖူးတာပါလိမ့်လို့"



လက်တွေပိုက်ကာ ဆရာမကြီးစတိုင်လ်နဲ့ ဟျွန်ဂျင်းကိုဖဲ့ဖို့နည်းလမ်းရှာနေတဲ့ဒါမီ။


"ငါကဘာဖြစ်နေလို့လဲ"


"ကိုကိုကရုပ်ချောတာလေးကလွဲရင် ကျန်တာဘာမှမကောင်းဘူး
ဒါမီ့ကောင်လေးဆို ဒါမီ့ကိုဘယ်တုန်းကမှစိတ်ဆင်းရဲအောင်မလုပ်ဖူးဘူး ကိုကိုကတော့ဆွန်မင်းအိုပါးကိုချစ်တယ်သာပြောတာ စိတ်ဆင်းရဲအောင်အမြဲလုပ်တယ်"


For You(Hyunmin MM)On viuen les histories. Descobreix ara