ငါးနှစ်ကြာပြီးနောက်~
"ဆွန်မင်း စားပွဲနံပါတ်သုံးကိုသန့်ရှင်းရေးလုပ်လိုက်ပါဦး"
"ဟုတ်ကဲ့ဟျောင်း"
ကော်ဖီဖျော်ရင်းဆွန်မင်းကိုလှမ်းပြောလာတဲ့ ချန်းဘင်းဟျောင်း။
ဆွန်မင်း ဟျွန်ဂျင်းနဲ့လမ်းခွဲပြီးဆိုးလ်ကိုပြန်လာတော့ အချိန်ပိုင်းအလုပ်သမားအနေနဲ့ ပထမဆုံးလုပ်မိခဲ့တဲ့ကော်ဖီဆိုင်လေးရဲ့ပိုင်ရှင်ပင်ဖြစ်သည်။ကျောင်းနားနီးတာမို့ ချန်းဘင်းဟျောင်းရဲ့ကော်ဖီဆိုင်ကဆယ်ကျော်သက်ကျောင်းသူတွေကြား နမည်အတော်လေးကြီးသည်။
ချန်းဘင်းဟျောင်းရဲ့ရုပ်ရည်နဲ့
ကြင်နာတတ်တဲ့ပုံစံတွေကလည်း ကျောင်းသူတွေရဲ့အကြိုက်ဖြစ်လေသည်။ ထို့ကြောင့်ချန်းဘင်ူဟျောင်းက ဒီကျောင်းနားတစ်ဝှိုက်မှာတော့ အတော်လေးနမည်ကြီးသူပင်။ဆွန်မင်း ဟျောင်းဆိုင်မှာအလုပ်ဝင်လုပ်သည်မှာလည်း ငါးနှစ်ခန့်မျှရှိပြီဖြစ်သည်။ အခုဆိုဟျောင်းနဲ့ဆွန်မင်းဟာ ညီကိုအရင်းတွေလိုပင် ရင်းနှီးနေကြပြီဖြစ်သည်။
အရင်ကနဲ့မတူတာတစ်ခုက ဆွန်မင်းဟာဟျောင်းဆိုင်မှာ ရုံးပိတ်ရက်တွေသာ လာကူလုပ်ပေးနိုင်ခြင်းဖြစ်သည်။
ဘာကြောင့်လည်းဆို ဆွန်မင်းဟာကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ အလုပ်ရနေပြီဖြစ်တာကြောင့်ပင်ဖြစ်သည်။
ဆွန်မင်းကြွားတာရယ်တော့မဟုတ်။ ဆွန်မင်းအလုပ်ဝင်နေတဲ့ကုမ္ပဏီကအတော်လေးကြီးတဲ့အထဲတော့ပါသည်။
"ဆွန်မင်း လူလည်းရှင်းနေပြီဘဲ ထိုင်နားပါဦးကွာ ရော့~အအေးသောက်ဦး"
အအေးတစ်ဘူး ဆွန်မင်းရှေ့ချပေးလာတဲ့ ချန်းဘင်းဟျောင်း။
"ကျေးဇူးဟျောင်း"
ညအချိန်ပိုင်းမို့ဧည့်သည်လည်းရှင်းနေပြီဖြစ်သည်။
ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် ဆိုင်ကအရင်ကထက်လူပိုကျသည်။တစ်နေကုန်မနားထားရတာကြောင့် လူကအတော်လေးပြိုင်းနေပြီဖြစ်တာကြောင့် ဟျောင်းပေးတဲ့အအေးဘူးကိုဖောက်လို့ မော့သောက်လိုက်သည်။