EP(2)

75 10 0
                                    


"ပင်ပန်းနေပြီလား ဟျွန်ဂျင်း"

နဖူးပြင်ထက်ကချွေးစအချို့ကို
ယုယုယယသုတ်ကာပေးရင်း ဆွန်မင်းမေးလိုက်သည်။
ထိုအခါဟျွန်ဂျင်းဟာ အပြုံးပန်းလှလှလေးဖန်တီးကာ ခေါင်းလေးရမ်းပြလာသည်။

"ဆွန်မင်း ငါကလေမင်းနဲ့သာဆိုရင် ပင်ပန်းရတယ်ဆိုတဲ့အချိန်မျိုးတစ်ခါမှမရှိဖူးဘူး အဲ့တာကြောင့်စိတ်မပူနဲ့ "

"အွန်းပါ"

ကိုယ့်ကိုသာချွေးစက်တွေသုတ်ပေးနေတဲ့ချစ်ရသူဟာ သူကိုယ်တိုင်တော့ ချွေးတွေထွက်နေတာကို မသိလေသလား။

ဟျွန်ဂျင်းလည်း ဆွန်မင်းရဲ့နဖူးစကချွေးစအချို့ကိုသုတ်ပေးရင်း ပိုးသားတွေလိုနူးညံ့တဲ့ ပိတုန်းရောင်ဆံကေသာတို့ကို
အပေါ်သို့အသာယာလန်တင်းပေးရင်း....

"ဆွန်မင်း ငါကချမ်းသာတဲ့အသိုင်းဝိုင်းကဆင်းသက်လာတဲ့သူဆိုတာမှန်ပေမယ့် ပျော့ညံ့တတ်တဲ့လူစားမျိုးမဟုတ်ပါဘူး မင်းအားကိုးရလောက်တဲ့အထိ စွမ်းဆောင်နိုင်တဲ့ယောကျာ်းသားတစ်ယောက်ပါ"

"ငါ့ကိုရွေးချယ်ပေးတဲ့အတွက် မင်းနောင်တမရစေရပါဘူးဆွန်မင်း  ချမ်းသာခြင်းတွေမ​ပေးနိုင်ရင်တောင် ငါ့ရဲ့အချစ်တွေနဲ့မင်းကိုပြီးပြည့်စုံအောင်ထားပေးမှာပါ  ငါ့ကိုယုံပါဆွန်မင်း"

ဆွန်မင်း ပါးပြင်ဖောင်းဖောင်းလေးတွေကို အသာယာလက်နဲ့ပွတ်သပ်ကာပြောနေတဲ့ဟျွန်ဂျင်း။

"ငါ့ကိုဘဝတစ်ခုလုံးနဲ့ရင်းပြီးရွေးချယ်ပေးလို့ကျေးဇူးပါဟျွန်ဂျင်း  မင်းနဲ့သာအတူရှိရရင် ငါ့အတွက်ချမ်းသာခြင်းတွေမလိုပါဘူး၊ မင်းရဲ့အချစ်တစ်ခုနဲ့တင်ငါ့ကိုပြည့်စုံစေပါတယ်"

"ငါမင်းကိုနမ်းခွင့်ရှိမလားဆွန်မင်း"

ဟျွန်ဂျင်းဟာအဲ့လိုလူပါ။ ဆွန်မင်းဆီကအနမ်းတစ်ခုရဖို့အတွက်တောင် ခွင့်ပြုချက်အရင်တောင်းခံသူပါ။ ဆွန်မင်းကိုသာဦးစားပေးသူဖြစ်သည်။

ဟျွန်ဂျင်းရဲ့အဲ့လိုအရာလေးတွေကဆွန်မင်း ဟျွန်ဂျင်းအပေါ်သဘောကျခြင်းတွေထဲက တစ်ခုဖြစ်သည်။ ဆွန်မင်းမလိုလားရင် ဘာမှမလုပ်တဲ့သူမျိုးဖြစ်သည်။

For You(Hyunmin MM)Where stories live. Discover now