EP(4)

68 13 2
                                    


"ဟျွန်ဂျင်းငါတို့လမ်းခွဲကြရအောင်"

ရုပ်ရှင်ရုံအရှေ့နာရီပေါင်းများစွာ
ရပ်ထားရလို့ ထုံကျင်နေပြီဖြစ်တဲ့ခြေထောက်တွေဟာ ဆွန်မင်းရဲ့စကားကြောင့် ပိုလို့ပင်ရပ်တည်နိုင်ဖို့အားအင်မဲ့စေသည်။

"စနေတာလားဆွန်မင်း"

"အတည်ပြောနေတာဟျွန်ဂျင်း ငါတို့လမ်းခွဲရအောင်"

ဟျွန်ဂျင်းမျက်ဝန်းတွေကို တည့်တည့်ကြည့်ကာ လမ်းခွဲစကားကိုအေးဆေးလေးပြောနေတဲ့ဆွန်မင်းဟာ နည်းနည်းလေးတောင်
သရုပ်ပျက်မနေခဲ့။

"ဘာလို့လည်း ငါဘာအမှားလုပ်ထားမိလို့လည်းဟင် ငါ့ကိုပြောပြပါဆွန်မင်း မငိးမကြိုက်တာလုပ်မိတယ်ဆိုရင်လည်း  နောက်မလုပ်တော့ပါဘူး ငါ့ကိုထားမသွားပါနဲ့နော်"

ဟျွန်ဂျင်း ဆွန်မင်းရဲ့ပုခုံးစွန်းနှစ်ဖက်ကိုဆုပ်ကိုင်ရင်းမေးလိုက်သည်။ ဆွန်မင်းက သူ့ပုခုံးစွန်းတွေပေါ်က ဟျွန်ဂျင်းလက်တွေကို ပုတ်ထုတ်လိုက်ပြီး...

"မင်းဘာအမှားမှမလုပ်ထားဘူးဟျွန်ဂျင်း ငါမင်းကိုစိတ်ကုန်လာလို့ဘဲ အဲ့တာကြောင့်လမ်းခွဲကြရအောင်"

ခံစားချက်မဲ့စွာ စကားလုံးတွေကိုရင့်ရင့်သီးသီးထွက်ဆိုလာတဲ့ဆွန်မင်းကို ဟျွန်ဂျင်းတစ်အံတစ်သြငေးကြည့်နေမိသည်။

"ငါ့ကိုအဲ့လိုကြီးမနောက်ပါနဲ့လားဆွန်မင်းရယ် ငါရူးသွားရလိမ့်မယ်"

မျက်ရည်တွေရစ်ဝဲလာတဲ့ဟျွန်ဂျင်းကို အရေးမစိုက်ဟန် ဆွန်မင်းက...

"ငါမင်းကိုနောက်နေတာမဟုတ်ဘူးဟျွန်ဂျင်း ငါပင်ပန်းနေပြီ
ဒီစုတ်ပြတ်နုံချာနေတဲ့ဘဝကြီးကိုငါစိတ်ပျက်နေပြီ။ ညတိုင်းခေါက်ဆွဲပြုတ်တွေကိုစားနေရတာကိုလည်းငါမုန်းလှပြီဟျွန်ဂျင်း။ ဘာမဟုတ်တဲ့အချစ်ကို ကိုးကွယ်နေလည်းအလကားဘဲ။
အဲ့တာကြောင့်လမ်းခွဲပေးပါ"

ဘာမဟုတ်တဲ့အချစ်တဲ့လားဆွန်မင်း။ မင်းမို့ပြောထွက်ရက်တယ်ကွာ။ အဲ့ဒီမင်းပြောတဲ့အချစ်ကို ငါကအရူးတစ်ယောက်လိုကိုးကွယ်တဲ့သူမို့ မင်းကိုအဆုံးရှုံးမခံနိုင်ဘူး။

For You(Hyunmin MM)Where stories live. Discover now