EP(8)

93 11 8
                                    

"ဆွန်မင်းအိုပါး ဒါမီကလေကြက်ဥကြော်ဆိုသိပ်ကြိုက်တာ အဲ့တာအိုပါးထဲက ကြက်ဥကြော်လေးကျွေးပါလား ဟီးးဟီးးး"

သူဌေးသမီးလေးက ကြက်ဥကြော်တစ်ချပ်စားရဖို့ အခုလိုမျိုးချစ်စရာကောင်းအောင်လုပ်ပြပြီးတောင်းနေတာမျိုး ဆွန်မင်းနေထိုင်လာတဲ့ဘဝတစ်လျှောက်လုံးမှာ ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းပင်။

ဒီလောက်ချစ်စရာကောင်းတဲ့ကောင်မလေးရဲ့တောင်းဆိုသံကို
ဘယ်သူကများငြင်းပယ်နိုင်စွမ်းရှိပါ့မလဲ။ ဆွန်မင်း ပန်းကန်ထဲကကြက်ဥကြော်လေးကို သူမပန်းကန်ထဲထည့်ပေးလိုက်တော့
ပြုံးပျော်သွားတဲ့မျက်ဝန်းလေးတွေဟာ အရောင်တွေလဲ့လို့နေလေသည်။

"ဆွန်မင်းအိုပါးက အကောင်းဆုံးဘဲ ဟီးးဟီးး"

သူမစားချင်တဲ့ကြက်ဥကြော်ကိုရသွားတော့ ကြက်ဥကြော်ကိုပါးစပ်ထဲထည့်ဝါးရင်းက လက်မတွေထောင်ကာပြောလာတာများ
ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းလှသည်။

ငယ်ငယ်ကတည်းက ညီမလေးလိုချင်မိတဲ့ဆွန်မင်းအတွက်ဒါမီက ညီမလေးတစ်ယောက်ရလိုက်သည့်နှယ်။ ဒီကလေးမတောင်းဆိုတိုင်း အစ်ကိုကြီးတစ်ယောက်လိုအမြဲလုပ်ဆောင်ပေးချင်နေမိသည်။

ဒါမီကပြီးခဲ့တဲ့အပတ်ကမှ ကုမ္ပဏီမှာအလုပ်စဝင်သည့် ဟျွန်ဂျင်းညီမတစ်ဝမ်းကွဲဖြစ်သူ ဟွမ်ဒါမီပင်။

ဟွမ်မျိုးရိုးကဆင်းသက်လာသူပီပီ ဒါမီဟာလည်းဟျွန်ဂျင်းလိုမျက်လုံးမှေးမှေးလေးလည်းရှိသည့်အပြင် အတော်လေးလည်းချစ်စရာကောင်းလှသည်။

ကုမ္ပဏီကိုရောက်လာသည့်တစ်ပတ်အချိန်အတွင်း သွက်လက်ဖော်ရွေတတ်သူမို့ ကုမ္ပဏီကလူတော်တော်များများနဲ့ရင်းနှီးနေပြီဖြစ်သည်။ ဒီအချက်ဟာလည်း ဟျွန်ဂျင်းနဲ့တူလေသည်။ ဟျွန်ဂျင်းလည်း လူအများနဲ့ပေါင်းသင်းဆက်ဆံတတ်သည်။
ချမ်းသာတဲ့အသိုင်းဝိုင်းကပေမယ့် လူတန်းစားခွဲခြားဆက်ဆံတာမျိုးမရှိပေ။

"အိုပါး ဘာတွေစဥ်းစားနေတာလဲ"

ဟျွန်ဂျင်းအကြောင်းအတွေးထဲဝင်လာတာနှင့် လူကအတွေးနွံထဲကရုန်းထွက်ဖို့ ခက်ခဲလွန်းလှသည်။ အခုလည်းဒါမီအသံကြောင့်သာ မဟုတ်ရင်သူဘယ်အတိုင်းအတာထိတွေးနေမိဦးမလဲမသိပေ။

For You(Hyunmin MM)Where stories live. Discover now