EP(9)

75 18 4
                                    

"ကင်မ်ဆွန်မင်း ငါနဲ့အတူလိုက်ခဲ့"ဆိုကာခေါ်လာတဲ့ဟျွန်ဂျင်းကြောင့် ဆွန်မင်းစျေးဝယ်စင်တာတစ်ခုကိုရောက်နေခြင်းဖြစ်သည်။


တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ထွက်ကာ ဝယ်နေလိုက်တာများအတော်ကိုငွေတွေပေါနေသည်ထင်။ သူပိုက်ဆံပေါလို့ဝယ်ချင်တိုင်းဝယ်နေတာကပြဿနာမဟုတ်။ သူဝယ်သမျှအထုပ်တွေလိုက်ဆွဲနေရတဲ့ ဆွန်မင်းမှာတော့ လက်နှစ်ဖက်လုံးအပြည့်ဆွဲနေရတဲ့အိတ်တွေကြောင့် လက်တွေလည်းအတော်နာနေပြီဖြစ်သည်။


မနက်စာမစားလာရသေးတာကြောင့် လူကစျေးဝယ်စင်တာတစ်ခုလုံးပတ်နေတဲ့ဟျွန်ဂျင်းကြောင့် ခြေထောက်တွေကညောင်းနေပြီဖြစ်တဲ့အပြင် ဗိုက်ကပါဆာနေတာကြောင့် လူကနုံးချိနေပြီဖြစ်သည်။


သူကတော့ရှေ့ကနေVersaceကထုတ်တဲ့မျက်မှန်အမဲကြီးကိုတပ်ကာ တစ်ကိုယ်လုဲးအနက်ရောင်တွေဝတ်ထားပြီး မော်ဒယ်လ်တစ်ယောက်လို ရှိုးအပြည့်နဲ့ရှေ့ကနေလျှောက်နေတာများ
စိတ်ရှိလက်ရှိဆောင့်သာကန်ပြစ်လိုက်ချင်သည်။



ကော်ဖီဆိုင်တစ်ဆိုင်ရှေ့ရောက်ချိန်မှာတော့ အထဲကရတဲ့ကော်ဖီရနံ့မွှေးမွှေးလေးကြောင့် လူကဘယ်လိုမှမနေနိုင်တော့ပေ။

"ဟျွန်ဂျင်း ဒီမှာခဏလောက်စောင့်ပေးပါလား ငါကော်ဖီတစ်ခွက်လောက်ဝယ်ချင်လို့ မနက်ကတည်းကဘာမှမစားရသေးလို့ ငါဗိုက်အရမ်းဆာနေပြီ"

လက်ကနာရီကြည့်လိုက်တော့ တစ်နာရီတောင်ကျော်နေပြီဖြစ်သည်။ ဒီအချိန်ကြီးထိဘာမှမစားရသေးတာကို အခုမှလာပြောနေတဲ့ဆွန်မင်းကို ဟျွန်ဂျင်းခပ်ဆက်ဆက်လေးရိုက်ချင်ပါသည်။


သူကဘာမှမပြောတော့ ဒီကဘယ်လိုလုပ်သိမလည်းသူဗိုက်တာနေတာကို။ လူကိုလူဆိုးဖြစ်အောင်တအားလုပ်တာဘဲ ဒီကင်မ်ဆွန်မင်းကတော့။

"ကော်ဖီမသောက်နဲ့တော့ နေ့လည်လည်းရောက်နေပြီ နေ့လည်စာစားကြတာပေါ့"

ဆွန်မင်းတောင်ဘာမှပြန်မပြောရသေးခင် စားသောက်ဆိုင်တစ်ခုထဲကိုဝင်သွားတာကြောင့် ဆွန်မင်းအမြန်ပင်ဟျွန်ဂျင်းနောက်လိုက်ရသည်။

For You(Hyunmin MM)Where stories live. Discover now