EP(7)

97 16 4
                                    


အချစ်ဦးဆိုတဲ့အတိုင်း ဆယ်ကျော်သက်အရွယ်မှာ ဦးနှောက်နဲ့ရွေးချယ်ထားတာမျိုးမဟုတ်ဘဲ ရင်ခုန်သံတွေနဲ့ရွေးချယ်ခဲ့တဲ့အချစ်မျိုးမို့ မေ့ပြစ်ဖို့ခက်ခဲပါသည်။

ငါးနှစ်တာကာလသာကုန်ဆုံးသွားခဲ့ပေမယ့် ဟျွန်ဂျင်းအပေါ်ထားတဲ့ဆွန်မင်းရဲ့အချစ်တွေဟာ ဘယ်တော့မှလည်းမကုန်ဆုံးခဲ့သလို မေ့ပြစ်လိုက်ဖို့ဆိုတာမျိုးလည်းခက်ခဲလွန်းလှပါသည်။

မနေ့ညကဟျွန်ဂျင်းနဲ့ပြန်ဆုံတွေ့တော့ ဆွန်မင်းဝမ်းသာသွားရတယ်ဆိုတာအမှန်ပါ။ သို့ပေမယ့်
ဟျွန်ဂျင်းရဲ့ သူ့အပေါ်ထားတဲ့အမုန်းတရားကိုမြင်ရတော့ ဝမ်းနည်းမိသည်။

မိမိရွေးချယ်ခဲ့မိတဲ့အရာတွေကြောင့် ဆွန်မင်းအပေါ်ဒီလိုတွေဆက်ဆံလာတဲ့အပေါ်မုန်းမိလားဆိုမမုန်းပါ။ သူဘယ်တုန်းကမှ ဟျွန်ဂျင်းကိုမုန်းတာမျိုးမရှိခဲ့ဖူးပါ။

အကြောင်းကြောင်းတွေကြောင့်သာ ဟျွန်ဂျင်းကိုရက်ရက်စက်စက်တွေပြောကာ ထားခဲ့ရတာ ဟျွန်ဂျင်းအပေါ်ထားတဲ့မိမိရဲ့အချစ်ကို မိမိသာအသိဆုံးပင်ဖြစ်သည်။

"ဆွန်မင်းဘာတွေတွေးနေတာလဲ
ခေါ်နေတာလည်းမကြားဘူး"

ဆွန်မင်းပုခုံးတို့ကိုပုတ်ကာမေးလာတဲ့ ဂျီဆောင်းကြောင့် ဆွန်မင်းအတွေးတို့ရပ်စဲသွားရသည်။

"ဘာမှမဟုတ်ပါဘူး ဘာလို့ခေါ်တာလည်းပြော"

"ငါတို့သူဌေးအသစ်ဒီနေ့ရောက်မှာတဲ့ အဲ့တာဌာနမှူးကငါတို့အားလုံးကို သူဌေးအမြင်မကြည်တာမျိုးဘာမှမလုပ်မိအောင်နေဖို့ သတိပေးခိုင်းလိုက်တယ်
ပြီးတော့ဌာနမှူးကပြောတယ် ငါတို့သူဌေးအသစ်ကငယ်ငယ်ချောချောလေးတဲ့  ငါတို့နဲ့တောင်အသက်မကွာဘူးတဲ့လေ
ပြီးတော့ပြောသေးတယ် ဒီကုမ္ပဏီကမလိုအပ်တဲ့ဝန်ထမ်းတွေအားလုံးကို ဖြုတ်ပြစ်မယ်တဲ့လေ"

ဂျီဆောင်းရဲ့စကားသံကြောင့် ဌာနအတွင်းကလူတွေမှာ ဆူညံပွက်လောရိုက်သွားရသည်။

"ငါတို့ကိုဖြုတ်ရင်ဘယ်လိုလုပ်မလည်းဆွန်မင်း ဒီမှာအလုပ်သင်အနေနဲ့လုပ်ငန်းအပေါ်မကျွမ်းကျင်သေးဆိုတာလို့ မင်းနဲ့ငါဘဲရှိတာလေကွာ ဘယ်လိုလုပ်မလဲဆွန်မင်းရာ"

For You(Hyunmin MM)Where stories live. Discover now