EP(6)

91 16 0
                                    


အခန်းမီးကိုတစ်ချက်သူဖွင့်လိုက်တော့ ရှင်းရှင်းလင်းလင်းကြီးကိုမြင်ရတဲ့လူသားကြောင့် သူနူတ်ခမ်းတွေကို မဲ့လို့ပြုံးလိုက်သည်။

"
ငါ့ကိုအရက်ငှဲ့ပေးနိုင်မလားကင်မ်ဆွန်မင်း"

ဆွန်မင်းကိုမဲ့ပြုံးပြုံးကာ အရက်လာငှဲ့ခိုင်းနေတဲ့လူကတစ်ခြားသူတော့မဟုတ် ဟျွန်ဂျင်းပင်ဖြစ်သည်။

ပေါင်ပေါ်ကကောင်မလေးကို ဘေးသို့ချကာ ခါးတွေကိုဖက်တွယ်လို့ ဆွန်မင်းကိုအထင်သေးလေဟန်စူးစိူက်ကြည့်လာတဲ့ဟျွန်ဂျင်း။

အရင်ကလိုအနက်ရောင်ဆံပင်တိုတိုတွေအစား အနက်ရောင်ဂုတ်ထိထောက်နေတဲ့ဆံပင်ရှည်နဲ့ဟျွန်ဂျင်းက အရင်ကထက်တောင်ပိုပြီးချောလာလေသည်။

အရင်ကထက်အများကြီးကိုကြည့်ကောင်းလာတာ အိုင်ဒေါလ်တစ်ယောက်နဲ့တောင်အနည်းငယ်ဆင်သည်။

"ဟုတ်ကဲ့ပါခင်ဗျ"

ဆွန်မင်း ဟွန်ဂျင်းထည့်ခိုင်းတဲ့အရက်ခွက်ထဲ အရက်တွေအသာလောင်းထည့်ပေးလိုက်သည်။

မျက်ဝန်းထောင့်ကနေ မသိမသာလှမ်းလို့ကြည့်မိတော့ သူ့ကိုကြည့်နေတဲ့ဟျွန်ဂျင်းရဲ့မျက်ဝန်းတွေနဲ့ဆုံမိတော့ ဆွန်မင်းအမြန်ပင်ရှောင်ဖယ်လိုက်မိသည်။

"ဟန်နီ  ကိုယ်တို့နောက်ရက်မှအေးဆေးတွေ့ကြတာပေါ့ ကိုယ်အရမ်းရင်းနှီးတဲ့သူငယ်ချင်းလေးနဲ့တွေ့တုန်းအေးဆေးစကားပြောချင်လို့ ဒီနေ့ညတော့ဒီလောက်နဲ့ဘဲ နားကြတာပေါ့"

ဘေးကကောင်မလေးကို ဖောဖောသီသီအပြုံးတွေစွန့်ကြဲလို့  ကောင်မလေးဆံပင်တွေကို ဆွဲဖွရင်းစကားပြောနေတဲ့ဟျွန်ဂျင်းကိုကြည့်ရင်း ဆွန်မင်းနှလုံးသားငယ်ဟာ ဆစ်ကနဲတစ်ချက်နာကျင်သွားရသည်။

ကိုယ်နဲ့မဆိုင်တော့ဘူးဆိုပေမယ့် ဟျွန်ဂျင်းအနားတစ်ခြားသူရှိနေတာမျိုးကို အခုလိုမြင်ရပြန်တော့
ဆွန်မင်းနှလုံးသားဟာ အထိမခံစွာ နာကျသွားရပြန်သည်။

"ဟုတ်ကဲ့အိုပါး အာ့ဆိုဟန်နီတို့နောက်ရက်မှတွေ့ကြတာပေါ့ မွ"

For You(Hyunmin MM)Where stories live. Discover now