EP(3)

83 12 2
                                    

"ငါ့သားနဲ့ကွာရှင်းပေးကင်မ်ဆွန်မင်း  မင်းလိုချင်သလောက်ပိုက်ဆံပမာဏပေးနိုင်တာမို့
ကြိုက်သလောက်တောင်းနိုင်တယ်"

ဟျွန်ဂျင်းနဲ့သူ ဒီကိုရောက်ပြီး
သုံးလအကြာမှာတော့ ဟျွန်ဂျင်းရဲ့အမေဟာ ဆွန်မင်းတို့ဆီကိုရောက်လာခြင်းဖြစ်သည်။

ကြောက်စိတ်တို့ရောထွေးနေတဲ့စိတ်အစုံကြောင့် ဆွန်မင်းချွေးစီးတွေပင်ထွက်ကျလာသည်။ ဆွန်မင်းပေါင်ပေါ်တင်ထားတဲ့ လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

"ကျွန်တော့်အတွက်ဟျွန်ဂျင်းကိုဘဲလိုအပ်တာမို့ အန်တီပြောတဲ့ငွေတွေကို မလိုအပ်ပါဘူးအန်တီ"

"အဟက် ငါ့ရှေ့မှာအရှက်မရှိ ငါ့သားကိုချစ်ပြမနေနဲ့ရွံ့တယ် ငါအေးဆေးပြောနေတုန်းလက်ခံလိုက်ပါ မဟုတ်ရင်မင်းအတွက်ဘာကောင်းကျိုးမှမရှိလာနိုင်ဘူး အဲ့တာကြောင့် ငါ့သားဘဝထဲကထွက်သွားပါ"

"ဟျွန်ဂျင်းကိုယ်တိုင် ကျွန်တော်နဲ့ကွာရှင်းမယ်ပြောတဲ့အခါ ဟျွန်ဂျင်းအနားကထွက်သွားပေးပါ့မယ် မဟုတ်ရင် ကျွန်တော်ထွက်မသွားနိုင်ဘူးအန်တီ"

ဟျွန်ဂျင်းရဲ့အမေဟာ အစောကလိုမျက်နှာတင်းတင်းမျိုးမဟုတ်တော့ဘဲ မျက်နှာကိုညိုးငယ်ရင်း...

"ငါ့သားဘဝကိုဒီလိုစုတ်စုတ်ပြတ်ပြတ်ဘဝထဲမှာဘဲနေခိုင်းသွားတော့မှာလား  ဟျွန်ဂျင်းကအိမ်မှာဆိုဒီလိုအလုပ်ကြမ်းတွေလုပ်ရဖို့ဆိုတာဝေးစွ သူဘာဘဲလုပ်ချင်လုပ်ချင်အားလုံးကလုပ်ပေးရတာ"

"ငါတို့ ပိုးလေးမွေးသလိုမွေးထားရတဲ့ဟျွန်ဂျင်းလေးရဲ့ဘဝကို ဒီလိုဘဲအဆုံးသတ်ခိုင်းနေတာလား မင်းသူ့ကိုချစ်တယ်ဆိုတာကဟုတ်ရောဟုတ်ရဲ့လား ကိုယ်ချစ်တဲ့သူဒီလိုကြမ်းတမ်းတဲ့ဘဝထဲမှာ ပင်ပင်ပန်းပန်းရုန်းကန်နေရတာကို မင်းဘယ်လိုမျက်စိနဲ့များကြည့်နေနိုင်တာလဲ  မင်းကဟျွန်ဂျင်းရဲ့တက်လမ်းတွေကိုဖျက်ဆီးနေတဲ့လူဆိုတာကိုသိရဲ့လား ကင်မ်ဆွန်မင်း"

"မင်းအသိတရားရှိလာခဲ့ရင် ဒီဖုန်းနံပတ်ကိုဆက်လိုက် ငါသွားတော့မယ် ဒီအခန်းထဲကြာကြာနေရင်အသက်ရှုကြပ်ပြီးသေသွားရလိမ့်မယ်"

For You(Hyunmin MM)Where stories live. Discover now