Part 14

1.1K 144 8
                                    

U+Z
[ဆုကို တစ်ခုကူညီပါအုန်း။ ရဲဘော်တွေအတွက် ဆန်လိုအပ်နေလို့ပါ။ တတ်နိုင်သလောက်ပါပဲနော် ကလေးတို့]

ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မိန်းကလေးတွေကိုသီးသန့်ခေါ်ဆောင်သွားပြီး တာဝန်ယူကာဆက်လက်ဆောင်ရွက်ဖို့တစ်ယောက်ပြီးတစ်ယောက်ကို မေးစရာရှိတာမေးနေ၏။ အမှိုက်ပစ်တဲ့အလုပ်သမားတွေကိုလည်း သီးသန့်ထားကာ စောင့်ကြည့်နေ၏။ ကိုယ်တွင်းအင်္ဂါတွေကိုခွဲစိတ်ထုတ်ယူခံနေရတဲ့ မိန်းကလေးတွေကိုတော့ အသက်ကယ်လို့ရတဲ့သူကိုကယ်ထားပြီး ကယ်တင်လို့မရတဲ့သူတွေကိုတော့ မိသားစုတွေနဲ့အဆက်အသွယ်ရအောင် လုပ်နေဆဲဖြစ်သည်။ နာမည်ကြီးသတင်း ချန်နယ်နှင့်တကွ တောအုပ်ရဲ့ထိုဝင်းကြီးထဲရှာဖွေမှုကို live လွှင့်ပြီးပြသနေ၏။ ဆေးရုံထဲမှာရှိတဲ့ ဆရာဝန်တွေကိုလည်း ထိန်းသိမ်းထားပြီး လက်ရှိမှာခွဲထုတ်ထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ ကျောက်ကပ်၊ အသည်း စသည်ဖြင့် အများစုကိုလည်း သတင်းမှာတွေ့ရမှာဖြစ်သည်။

အမှိုက်ပစ်ကန်ကိုသွားကြည့်တဲ့အချိန်မှာတော့ သေသေသပ်သပ်ထုတ်ပိုးစွန့်ပစ်ထားတဲ့အမှိုက်ထုတ်တွေကိုမြင်ရပြီး အိတ်တွေဖွင့်လိုက်တဲ့အချိန်မှာတော့ ကြည့်ရှုနေတဲ့ ပြည်သူများနဲ့အိတ်ကိုဖွင့်ဖောက်စစ်ဆေးတဲ့ တာဝန်ရှိသူတွေပါ အနည်းငယ်လန့်သွားကြတော့သည်။ တချို့ပြည်သူတွေဆိုရင် ဆက်မကြည့်နိုင်တဲ့အခြေအနေဖြစ်သွားကာ မူးမော်ကုန်ကြသည်။ အမှိုက်ကန်တူးထားတဲ့ တွင်းထဲကိုဝင်ကာ ဖွင့်ကြည့်စစ်ဆေးနေတဲ့ ဝန်ထမ်းဆိုရင် တစ်ဖက်ကိုလှည့်ကာအသက်ရှူနေပြီး ခေတ်တရပ်နားနေ၏။ ထိုဝန်ထမ်းကိုအပြင်ပြန်ခေါ်ထုတ်ကာ မြေတူးစက်တွေနဲ့ အမှိုက်ထုတ်တွေအပေါ်ယူတင်လိုက်၏။ ထိုမျှပင်မကသေးပဲ ဒီခြံဝင်းတစ်ခုလုံးကို မြေတူးစက်တွေနဲ့လက်လံတူးဖော်လိုက်ချိန်မှာတော့ လူရိုစုတွေကို ဟိုတစ်စု ဒီတစ်စုထပ်မံတွေ့ရှိရတော့သည်။

"ကိုသူရ"

"အင်း"

"မိန်းကလေးတွေအားလုံးကို သူတို့အိမ်နဲ့မဆက်သွယ်ဖို့ပြောထားတယ်"

D-Day [Complete]On viuen les histories. Descobreix ara