65

752 113 0
                                    

[Unicode]
Chapter-65 (ချွေးမလေး ကလေးခေါ်ထွက်ပြေးပြီ)

တုချိ နဲ့ ရှုချွိ တို့ ဆေးရုံမှာပဲ ကွာရှင်းလက်မှတ်ထိုးလိုက်ကြတယ်။တုချိ ရဲ့ စိတ်ဆန္ဒပြင်းပြနေတာကြောင့် ရူချွိ အနေနဲ့လည်း ဘယ်လိုပြန်ညှိနိူင်းရမလဲကို မသိတော့တာကြောင့်ပဲ ဖြစ်တယ်။

"သူ့ကို သေချာဂရုစိုက်ပေးပါ"

တုချိ တာမီနယ်ကို တစ်ဖက်ကို ချလိုက်ကာ ရူချွိကို ကြည့်ပြီး ပြောလိုက်တယ်။

"စိတ်ချပါ"

အဲ့ဒီနောက်မှာတော့ နှစ်ယောက်သားကြား ပြောစရာစကားမရှိတော့။ဆက်ရှိနေဖို့လည်း အကြောင်းပြချက်မရှိတော့တာကြောင့် ရူချွိ  ထွက်သွားသင့်ပြီဆိုပေမဲ့ သူမထွက်သွားချင်ပေ။

"မင်းအနာဂတ်မှာဘာဆက်လုပ်မှာလဲ"

ရူချွိ ‌‌ခြောက်ကပ်ကပ်မေးလိုက်တော့ တုချိ ခေါင်းခါပြကာ

"ခြေတစ်လှမ်းချင်း လှမ်းကြည့်ရမှာပေါ့"

သူ့ကိုယ်မှာ အခုထိ ရူချွိ အမှတ်အသားရှိနေဆဲဖြစ်ပြီး ဖယ်ရှားဖို့ကလည်း မဖြစ်နိုင်သလို ခန္ဓာကိုယ်အတွက်လည်း အန္တရာယ်ရှိစေတယ်။သူ့အလုပ်အကိုင်က အသားအရေထိန်းသိမ်းရေးထုတ်ကုန် ဖော်မြူလာတီထွင်ရှင်တစ်ယောက်ဖြစ်ပေမဲ့ သူ့ဂုဏ်သတင်းက Star C မှာ အခုလိုပုံစံဖြစ်ပျက်နေတာကြောင့် ဘယ်သူကမှ သူ့ကိုအလုပ်ခန့်လိမ့်မယ်မဟုတ်။ ကြည့်ရတာ တခြားဂြိုလ်တွေမှာ ကံစမ်းကြည့်ရမယ်နဲ့တူတယ်။

ရူချွိ လည်း ထိုမေးခွန်းမေးပြီးနောက် ထပ်မေးစရာစကားရှာမရတော့။ အတိတ်ကိုပြန်တွေးကြည့်ရင် နှစ်ယောက်စလုံးက လက်မထပ်ခင်တုန်းကလည်း တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ဆုံရင် ဒီလိုတိတ်တိတ်လေး တစ်ယောက်ကိုတစ်ယောက်ရန်ထောင်နေတတ်ကြတယ်။အဲ့လိုခံစားချက်တွေက လက်ထပ်ပြီးတဲ့နောက်မှာ အနည်းငယ်တော့လျော့ကျလို့သွားတယ်။အရင်ကတော့ ပြောချင်တာမှန်သမျှအကုန်လုံးကို သူပြောထွက်နိုင်ပေမဲ့ အခုတော့ ဘာတစ်ခွန်းမှမပြောနိုင်တော့ပေ။

"ငါကလေးကိုသွားကြည့်လိုက်ဦးမယ်"

ရူချွိ မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်တယ်။တုချိ နားထဲ ကလေးဆိုတဲ့စကားကြောင့် လက်ချောင်းလေးတွေ တုန်ခါသွားရင်း ပြန်ဖြေလာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now