49

822 109 0
                                    

[Unicode]
Chapter-49 (သင်ခန်းစာ)

တုရှန်း ရဲ့ ပထမဆုံးပြိုင်ပွဲတချို့က တော်တော်လေးလွယ်ကူခဲ့ပေမဲ့ စတုတ္ထမြောက်ပွဲမှာတော့ တုရှန်း ရဲ့တစ်ဖက်ပြိုင်ဘက်က အတော်အားကောင်းသူဖြစ်တာကို သိသိသာခံစားလိုက်ရတာကြောင့် သူ့အနေနဲ့ သတိလက်လွတ်မနေရဲ။

စတုတ္ထမြောက်ပြိုင်ပွဲက ပြိုင်ပွဲဝင်နှစ်ယောက် ယှဥ်ပြိုင်ရတာဖြစ်တယ်။ဒီပြိုင်ပွဲအထိ ပြိုင်ပွဲဝင်တွေအများကြီးကျန်ရှိနေသေးဆဲဖြစ်ပြီး ဒီပွဲကပဲ သာမန်ပြိုင်ပွဲဝင်တွေကို ထုတ်ပစ်နိုင်လိမ့်မယ်။

တုရှန်း ရဲ့ တဖက်ပြိုင်ဘက်က လူအိုတစ်ယောက်ဖြစ်တယ်။ထိုလူအိုက တုရှန်း သိထားပြီးသားလူဖြစ်ပြီး တုမိသားစု ရဲ့ ဖော်မြူလာတီထွင်ရှင်ပဲဖြစ်တယ်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာ ဖန်း"

တုရှန်း နှုတ်ဆက်တော့ ဖန်းလောင် က ခေါင်းငြိမ့်ပြကာ

"ငါမင်းကိုမတွေ့ရတာတောင်ကြာပြီ။  ဒါပေမဲ့ ဒီမှာပြန်ဆုံလိမ့်မယ်လို့တော့ မထင်ထားဘူး။ဒီအိုမင်းနေတဲ့လူအိုကြီးက လူငယ်တွေကနဲ့ယှဥ်ပြိုင်ရတယ်လို့ ...ရှက်ဖို့ကောင်းနေပါပြီ"

တုရှန်း ခေါင်းခါပြလိုက်ပြီး

"ကျိယောင်ပြိုင်ပွဲက ဒီကမ္ဘာက ဖော်မြူလာရှင်တိုင်းကို ကိုယ်စားပြုတာပါပဲ။ကျွန်တော်တောင် ဒီပွဲအတွက် ကျွန်တော့်တစ်ဘဝလုံးမြှပ်နှံထားရတာပဲကြည့်လေ"

ဖန်းလောင် က ခေါင်းငြိမ့်လာတယ်။ပြိုင်ပွဲကစတင်ပြီဖြစ်တယ်။စုစုပေါင်း link လေးခုချထားပြီး အဓိကအားဖြင့် အရှိန် ၊ မှတ်ဥာဏ်၊ တီထွင်ကြံစမှု ၊ ကျွမ်းကျင်မှုတို့ကို ယှဥ်ပြိုင်ရမှာဖြစ်တယ်။

ဖန်းလောင် က တီထွင်ကြံစမှုနဲ့ ကျွမ်းကျင်မှုမှာ အရမ်းကိုအားသာတယ်။တုရှန်း သူ့ကိုအနိုင်ရဖို့ဆိုရင် အရှိန် ၊ မှတ်ဥာဏ် စတဲ့လူငယ်တစ်ယောက်အတွက် အားသာချက်ဖြစ်မဲ့အရာကို အားကိုးရမယ်လို့ တွက်ချက်လိုက်တယ်။

တုရှန်း ရဲ့ပြိုင်ပွဲကျင်းပနေချိန်မှာပဲ ယန်ကျိ လည်းပဲ ဆေးကုသမှုခံယူတာ ပြီးစီးသွားတယ်။ဒါပေမဲ့ အခု ပြန်လည်ထူထောင်ရေးအဆင့်အနေနဲ့ ကုသခန်းကိုတော့ လာနေရဆဲဖြစ်တယ်။ပြန်လည်ထူထောင်ရေးလုပ်ရတာ အရမ်းနာတယ်။ယန်ကျိ ဘေးကအကူပစ္စည်းတွေကိုထောက်ကန်ရင်း ရွေ့လျားရတာ ချွေးတွေစိုရွဲနေပြီး နှုတ်ခမ်းကိုတင်းတင်းကိုက်ထားကာ မျက်လုံးတစ်စုံက ခိုင်မာစွာရှိနေပေမဲ့လည်း လှုပ်ရှားမှုကတော့ နှေးကွေးနေဆဲ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now