50

839 104 0
                                    

[Unicode]
Chapter-50 (သေခြင်းတရား)

လောင်ထန်း တစ်ယောက် အခုလက်ရှိအခြေအနေကိုနားမလည်နိုင်တော့ဘူး။သူနဲ့တုန်ဖန့်ရှောင်တို့ စားပွဲတစ်ဝိုင်းထဲမှာ နေ့လည်စာအတူစားနေရတယ်။စားသောက်ပြီးသွား
တဲ့နောက်မှာ တုန်ဖန့်ရှောင် က သူ့ကိုစာရွက်စာတမ်းတစ်ခုပေးလာတယ်။ကလေးမွေးပြီးရင် ကလေးကိုထားခဲ့ပြီး တုန်ဖန့်အိမ်တော်ကနေထွက်သွားဖို့.... ဒါကိုဖတ်ပြီးတော့ လောင်ထန်း ဒေါသတွေထွက်လာတယ်။

"မင်းဘာလို့အဲ့လောက် မျက်နှာပြောင်တိုက်ရတာလဲ"

လောင်ထန်း တုန်ဖန့်ရှောင် ကိုကြည့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်တယ်။

တုန်ဖန့်ရှောင် ကတော့ လက်နှစ်ဖက်ကိုပဲဖြန့်ပြလာတယ်။တုန်ဖန့်မိသားစုက ကလေးတွေကိုခွဲပြီးမပျိုးထောင်ကြပေမဲ့ တုန်ဖန့်ရှောင် အနေနဲ့လည်း ဇနီးမလိုအပ်။

"မဖြစ်နိုင်ဘူး အဲ့အကြောင်းကို တွေးတောင်မတွေးနဲ့"

လောင်ထန်း တာမီနယ်ကိုချပြီးပြောလိုက်တယ်။

တုန်ဖန့်ရှောင် မျက်လုံးက လူသတ်ချင်တဲ့အကြည့်တွေ လက်လာတာကိုမြင်တော့ လောင်ထန်း ‌နှုတ်ခမ်းကိုတင်းတင်းကိုက်ထားမိတယ်။သူကလေးကိုလက်မလျော့နိုင်ဘူး။ ဘာလို့ကလေးက တုန်ဖန့်မိသားစု နဲ့ပဲသက်ဆိုင်ရမှာလဲ။  သေချာပေါက်ကလေးကို မွေးပေးရမှာက သူလေ။

"ကိုယ့်စိတ်ကို လာစိန်မခေါ်နဲ့"

လောင်ထန်း လှောင်လိုက်ပြီး

"မင်းအတိတ်မမေ့ခင်ကလည်း မင်းကကောင်းတဲ့အကောင်မဟုတ်ပါဘူး"

ဘာကြောင့်လဲဆိုတော့ တုန်ဖန့်ရှောင် က အတိတ်မမေ့ခင်တည်းက အခုထက်ပိုပြီးတည်ငြိမ်တယ်။မဟုတ်တဲ့အရာတွေအတွက်လဲ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းတာမျိုးလည်းမလုပ်တတ်ဘူး။အဲ့လိုဟာတွေကို တခြားသူကိုသာ သွားလုပ်လို့ရမယ်။ သူ့ကိုတော့ လာလုပ်လို့မရဘူး။

တုန်ဖန့်ရှောင် မတ်တပ်ရပ်လိုက်ပြီး လောင်ထန်းနားကိုချဥ်းကပ်လာတယ်။လောင်ထန်း စပြီးသတိထားလိုက်တယ်။ တုန်ဖန့်ရှောင် လက်ကိုဆန့်ထုတ်လိုက်လာချိန် လောင်ထန်း နောက်ကိုရှောင်လိုက်တယ်။ဒါပေမဲ့ သူ့အပြုအမူက တုန်ဖန့်ရှောင် ကိုပိုဒေါသထွက်စေတာကြောင့် လောင်ထန်း ရဲ့လည်ပင်းကို တိုက်ရိုက် ဆွဲညှစ်လာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now