51

807 113 0
                                    

[Unicode]
Chapter-51 (ခွဲခွာရမဲ့ည)

တုရှန်း နဲ့ ယန်ကျိ တို့ မြို့တော်ကိုပြန်ရောက်လာခဲ့ပေမဲ့ ယန်ကျိ ကတော့ အိမ်ကိုပြန်မလာနိုင်ပေ။တုရှန်း လည်းပဲ Star C ကတိုက်ခိုက်ခံနေရတာကို သိနေတာကြောင့်  ယန်ကျိ အလုပ်တွေရှုပ်နေမှာ သေချာမှန်း သူသိတယ်။

သူတို့ပြန်လာတဲ့လမ်းတစ်လျှောက်ကို အာကာသယာဥ်ပေါ်ကနေ တစ်ချိန်က မြင့်မြတ်တဲ့နန်းတော်ကြီး ပြိုလဲပျက်ဆီးနေတာကို မြင်ခဲ့ရတယ်။ဒါက Star C ကို စစ်ကြေညာလိုက်တာနဲ့အတူတူပဲ။  လော်ဂါတွေပြန်ပေးဆပ်ကို ပေးဆပ်မှရမယ်။

တုရှန်း တာမီနယ်ကိုဖွင့်လိုက်ပေမဲ့ ယန်ကျိ ကိုခေါ်ဖို့ကို တုန့်ဆိုင်းနေမိပြီး နောက်ဆုံးမှာတော့ ခေါ်ဆိုဖို့ လက်လျော့လိုက်တယ်။ယန်ကျိ ကို အနှောက်အယှက်ပေးလိုက်မိမှာကို သူစိုးရိမ်မိတာကြောင့် သူ တာမီနယ်ကိုအောက်ကိုချလိုက်ချိန်မှာပဲ တာမီနယ်ကမြည်လာပြီး ချက်ချင်းကောက်ကိုင်လိုက်တော့ ယန်ကျိ ဆီက မဟုတ်မှန်းတွေ့လိုက်ရတယ်။ပြီးတော့ ခေါ်ဆိုသူက သူ့ညီငယ်လေး တုရှောင် ဖြစ်နေ တယ်။

"ကိုကို တုမိသားစု ကျွန်တော်တို့ကို ပြန်ခေါ်နေတာသိပြီးပြီလား"

တုရှန်း ဖုန်းချိတ်ဆက်ပြီးတာနဲ့ တုရှော င်ကအလောတကြီးမေးလာတယ်။

တုရှန်း အေးခဲသွားတယ်။ဘာလို့ တုမိသားစု ဘက်က လက်မလျှော့ရသေးတာလဲ။ပြိုင်ပွဲတုန်းကလည်း တုမု က သူ့ကိုမေးသေးတယ်။သူက သူတို့မိသားစုနဲ့ပတ်သက်ပြီး ဘာလုပ်ဖို့ကြံနေတာလဲ။

"ကိုကို သိပြီးပြီ ။ ကိုကို ငြင်းလိုက်တယ်"

တုရှန်း စကားကြားတော့မှ တုရှောင်  စိတ်သက်သာရာရသွားကာ

"တုမိသားစုခေါင်းဆောင်နေရာက တုမု ကိုပေးလိုက်တယ်ဆိုရင်တောင် ပိုကောင်းသွားတာမျိုးမဟုတ်ဘူးကိုကို။  ကျွန်တော်ကတော့ သူတို့တစ်ခုခုကိုပူးပေါင်းကြံစည်နေတာလို့ထင်တာပဲ"

တုရှန်း က ပြုံးလိုက်ကာ

"ဒီကမ္ဘာကြီးထဲမှာ ဘယ်လောက်ထိပူးပေါင်းကြံစည်နိုင်မှာမို့လို့လဲ။  စာကိုသာကြိုးစား အဲ့ကိစ္စတွေကိုလိုက်စိတ်ပူမနေနဲ့"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now