31

2.4K 269 2
                                    

[Unicode]
Chapter-31 (ပွတ်သပ်ခံရခြင်း)

ရူချွိ အခန်းကို စိတ်ပျက်လက်ပျက်နဲ့ပြန်ရောက်လာခဲ့တယ်။သူက ဘယ်လောက်ပဲ သန်မာတဲ့ အယ်လ်ဖာဖြစ်ပါစေဦး နှစ်အကြာကြီး သဘောကျခဲ့ရတဲ့ တစ်ဦးတည်းသောသူက တုရှန်း ဖြစ်ပြီး အခုအချိန်မှာတော့ တုရှန်း မှာ သဘောကျတဲ့သူရှိနေပြီဖြစ်တာကြောင့် ရူချွိ ရဲ့ ခံစားတွေအားလုံးက ဗလာဖြစ်သွားသလိုခံစားနေရတယ်။

သူအခန်းထဲဝင်လိုက်ချိန် တုချိ ရေချိုးခန်းကနေထွက်လာပြီးနောက် ဆံပင်ကို တာဝါနဲ့အခြောက်ခံနေတာကို မြင်လိုက်ရတယ်။

"ဘာလို့လဲ...အချစ်ဟောင်းက မင်းကိုစွန့်ပစ်လိုက်လို့လား"

တုချိ ဆီက ထေ့ငေါ့ စကားသံထွက်လာတယ်။

ရူချွိ စိတ်ခံစားချက်မကောင်းတာကြောင့် သူ့ကို ပြန်ပြီးအဖတ်လုပ်ချင်စိတ်ရှိမနေဘူး။ ရူချွိ ရဲ့ ထိုပုံစံကိုမြင်တော့ တုချိ နည်းနည်းထပ်ပြီး ပြောဆိုလာပြန်တယ်။

"မင်းဘာလို့ တုရှန်း ကို ကြိုက်တာလဲဆိုတာ ငါနားမလည်နိုင်ဘူ။
ကြည့်မကောင်းတဲ့အပြင် ကလေးလည်း မရနိုင်ဘဲနဲ့များ"

တုချိ ဆိုးဆိုးရွားရွားပြောလာတော့ ရူချွိ မျက်နှာက ပြောင်းလဲသွားတယ်။သူ တုချိ အနားကို ဒေါသတကြီးကပ်လာတာမို့ တုချိ နည်းနည်းထိတ်လန့်သွားပြီး ကုတင်ပေါ်ထိုင်လျက်ကျသွားတယ်။

"မင်းဘာလုပ်ချင်လို့လဲ''

တုချိ မျက်လုံးထဲမှာ ပြန်တိုက်ခိုက်ချင်တဲ့အပြုအမူတွေနဲ့ကြည့်လာပေမဲ့ ရူချွိ အကြည့်တွေကတော့ အရင်သူတို့ရန်ဖြစ်ခဲ့ချိန်ကထက် ပြင်းထန်သထက် ပြင်းထန်လာတယ်။

"မင်းကိုယ်မင်း တုရှန်း ထက်သာတယ်ထင်နေတာလား"

တုချိ ခေါင်းငြိမ်လဲငြိမ့်မပြနိုင်သလို ခေါင်းလည်းခါမပြနိုင်ပေ။ဒါပေမဲ့ ရူချွိ က သူ့ကိုကြည့်ပြီး ထေ့ငေါ့စကားတွေပြောလာတယ်။

"မင်းကိုယ်မင်း ဘာထင်နေလဲ။တုမိသားစုရဲ့ ဖော်မြူလာ ဥာဏ်ကြီးရှင်လား။မင်းရဲ့ ဖော်မြူလာတွေကကော ဘယ်ကနေရလာတာလဲ။  တုမိသားစု ရဲ့အခုပစ္စည်းတွေကကော ဘယ်ကရလဲ။ငါ မင်းဆီကနေ ဘာမှမျှော်လင့်မထားဘူး။မင်းလိုဘာမှမဟုတ်တဲ့ကောင်က တုရှန်း ကိုပြောဆိုနေတာကိုက မင်းကိုမင်းမှန်တယ်များထင်နေလား။မင်းကလေ သူ့ခေါင်းအစခြေအဆုံး ခြေတဖျားတောင် မယှဉ်နိုင်ဘူး။"

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now