52

764 106 0
                                    

[Unicode]
Chapter-52 (ပျောက်ကွယ်သွားစမ်းပါ)

တုန်ဖန့်ရှောင် အိမ်က နန်းတော်နဲ့နီးတာကြောင့် နန်းတော်ရဲ့ပေါက်ကွဲစတွေက ဒီအထိကို ရောက်လာခဲ့ပြီး လောင်ထန်း လည်းပဲ တုန်ဖန့်ရှောင် လက်ထဲကနေလွတ်မြောက်လာတယ်။

တုန်ဖန့်ရှောင် အိမ်ကနေ ထွက်လာပြီး သူ ရှင်းဟွာကိုမပြန်ရဲ။ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လောင်ထန်းမှာကိုင်တွယ်စရာတွေလဲရှိနေသေးတာကြောင့် သူဘယ်မှာသွားပုန်းနေနိုင်လောက်မလဲ တွေးကြည့်တော့တယ်။

Star C ကနေ ထွက်သွားဖို့ဆိုတာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် မဖြစ်နိုင်။Star C မှာ မာရှယ်လောထုတ်လိုက်ပြီးဖြစ်ပြီး အပြင်ကလူဝင်မရသလို အထဲကလူတွေလည်း ထွက်သွားလို့မရ။

သေချာတွေးကြည့်ပြီးနောက်မှာတော့ သူလူတစ်ယောက်ကိုသတိရသွားတယ်။အဲ့တော့ အဲ့မှာရက်အနည်းငယ်လောက်သွားပုန်းနေဖို့ရန် လောင်ထန်း သူ့ကိုယ်သူတင်းတင်းကျပ်ကျပ်ဝတ်ဆင်လိုက်ပြီး အာကာသယာဥ်ပျံကို တဟုန်ထိုးထိုနေရာစီ ဦးတည်ထွက်ခွာသွားတော့တယ်။

ယန်ကျိ ထွက်သွားပြီဖြစ်တာကြောင့် တုရှန်း တစ်ယောက်ဝမ်းနည်းနေပြီး အိပ်ယာထဲကကိုမထနိုင်။ယန်ကျိ ဖယ်ရိုမုန်းတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိနေဆဲပင်။ဒီအငွေ့အသက်တွေ ပျောက်ကွယ်သွားမှာကို သူစိုးရိမ်နေမိတယ်။

ဒါပေမဲ့ တစ်နေ့တာကတော့ အစီအစဥ်တကျဖြစ်မနေပေ။တုရှန်း အိပ်ချဥ်မူးတူးဖြစ်နေတဲ့အခြေအနေမှာ အိမ်ထိန်းစက်ရုပ်က တစ်ယောက်ယောက်လာကြောင်း ပြောလာတာကြောင့် တုရှန်း အိမ်ရဲ့လုံခြုံရေးမျက်နာပြင်ကိုကြည့်လိုက်ချိန်မှာ လောင်ထန်း ကို တွေ့လိုက်ရတယ်။

သူနည်းနည်းတော့ အံ့သြသွားတယ်။ဒါပေမဲ့လောင်ထန်း က သူ့ဘော့စ်ဖြစ်ပြီး သူ့ကိုလည်း အကူအညီပေးဖူးတဲ့သူဖြစ်နေတာကြောင့် တုရှန်းလည်း သူ့ရဲ့ပျင်းရိနေတဲ့ခန္ဓာကိုယ်ကို အတင်းထကာ အဝတ်အစားလဲလိုက်တယ်။

အိမ်ထိန်းစက်ရုပ် တံခါးဖွင့်ပေးလိုက်ပြီးနောက်မှာတော့ လောင်ထန်း အထဲကိုဝင်လာခဲ့ပြီး တုရှန်း က

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now