20

3.2K 378 21
                                    

[Unicode]
Chapter-20 (အမှတ်အသားဖယ်ရှားခြင်း)

အာကာသယာဉ်ရဲ့ အရွေ့စွမ်းအင်ပြန်ပြည့်သွားပြီးချိန်မှာ စပြီးမောင်းထွက်တော့တယ်။ တုရှန်း တစ်နေကုန် သုတေသနအခန်းထဲပဲ အချိန်ကုန်နေခဲ့ပြီး ထိုအခန်းထဲမှာပဲအိပ်နေခဲ့တယ်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ယန်ကျိ ပျော်နေသင့်တာဆိုပေမဲ့ ရက်အနည်းငယ်ကြာသည်အထိ အိပ်ခန်းက ဗလာဖြစ်နေတာကိုမြင်ပြီး သည်းမခံနိုင်တော့သည့်အဆုံးမှာတော့ သုတေသနအခန်းကိုချိုးဖျက်ပြီး လူကိုပြန်ခေါ်ထုတ်လာပြန်တယ်။

"အရှင့်သား ဘာလုပ်တာလဲ"

တုရှန်း ယန်ကျိ ကို မျက်ကွင်းညိုနှစ်ဖက်နဲ့ကြည့်လာတယ်။အလုပ်စွဲလမ်းနေတဲ့ တုရှန်း ကို ယန်ကျိ  ပွေ့ခေါ်လာပြီး အိပ်ခန်းဆီသယ်လာခဲ့တယ်။

ယန်ကျိ ဘာတစ်ခွန်းမှမပြောပဲ အဝတ်စချွတ်တော့ တုရှန်း မှင်သေနေမိကာ

"အရှင့်သား လိုချင်လို့လား?"

တုရှန်း အံ့သြနေပြီး သူအရမ်းပင်ပန်းနေပေမဲ့လည်း နာနာခံခံနဲ့သူ့အဝတ်ကြယ်သီးတွေကိုချွတ်လိုက်တယ်။ယန်ကျိ ကတော့ တုရှန်း သူ့အဝတ်တွေကို တစ်ထပ်ပြီးတစ်ထပ်ချွတ်ချနေတာကိုမြင်ပြီး မျက်နှာမဲလာတယ်။

"ဘယ်သူက အဲ့လိုဟာကို မင်းနဲ့လုပ်ချင်တယ်ပြောလို့လဲ။ကိုယ်က မင်းကိုအိပ်ခိုင်းမလို့"

ယန်ကျိ အော်ပြောလိုက်ပြီး တစ်ကိုယ်လုံးဆွဲချွတ်ပြီးနေတဲ့ တုရှန်း ကိုတားလိုက်တယ်။

တုရှန်း ခေါင်းတွေ ဘေးဘယ်ညာယိမ်းနေပြီး မျက်တောင်တွေလည်းလေးလံနေတာကြောင့် ယန်ကျိ ဘာပြောလိုက်လဲဆိုတာကို စက္ကန့်အနည်းငယ်ကြာမှ သဘောပေါက်တော့တယ်။သူ့အသားကိုသူ ဆွဲဆိတ်ပြီး

"ကျွန်တော့်အသားအရေက ကောင်းပါတယ်။Star Diamond က skin care တွေကိုနေ့တိုင်းသုံးတယ်လေ။အဲ့ဒါတွေက ကျွန်တော်နဲ့တည့်တယ်။အမြဲတမ်းသက်တောင့်သက်သာလည်း ဖြစ်စေတယ်။အရှင့်သားစိတ်ပူဖို့မလိုပါဘူး"

ယန်ကျိ ပြောတာကို နားမလည်ဘဲ တုရှန်း စတင်ပြီး သူ့ကိုယ်သူ ပရိုမိုးရှင်းဆင်းတော့တယ်။ယန်ကျိ စိတ်ပျက်လက်ပျက် နဖူးကို လက်နဲ့ထောက်ထားနေရတယ်။ဒီလူကတော့ တကယ့်ကိုအိပ်ချင်မူးတူးဖြစ်နေတာပဲ။ သုတေသနအခန်းမှာ အိပ်မယ်လို့ သူပဲပြောခဲ့တာမဟုတ်ဘူးလား ။ အခုကြည့် ဒါကဘာပုံစံဖြစ်နေလဲဆိုတာ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now