19

3.2K 423 12
                                    

[Unicode]
Chapter-19 (ဆေးထည့်ပေးခြင်း)

တုရှန်း ညရောက်တော့ နိုးလာပြီးနောက် သူ့ ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်တော့ တစ်ကိုယ်လုံးနာကျင်နေတာဖြစ်လို့ ထဖို့မကြိုးစားတော့ဘဲ အိပ်ယာပေါ်မှာပဲ ငြိမ်ငြိမ်လေးလှဲနေတယ်။

"နိုးပြီလား"

အမှောင်ထဲကနေ ယန်ကျိ အသံထွက်လာတယ်။

တုရှန်း လန့်သွားပြီး မီးဖွင့်ကြည့်တော့ ယန်ကျိ ကုတင်ပေါ်မှာ ထိုင်နေတာကိုမြင်လိုက်ရပြီး

"အရှင့်သား...လူကိုလန့်သေအောင်လုပ်မလို့လား"

"အို"

ထိုအာမေဋိတ်သံ တစ်လုံးသာ ယန်ကျိ ပြန်တုန့်ပြန်လာတာကြောင့် တုရှန်း လည်း စိတ်လျှော့ပြီး မျက်လုံးမှိတ်ကာမေးလိုက်တယ်။

"မီလာ တို့ကောပြန်ရောက်ပြီလား"

"အင်း"

တစ်ခုခုတော့တစ်ခုခုပဲ။  ယန်ကျိ တစ်ယောက် မူမမှန်ဘူးလို့ တုရှန်း ခံစားနေရတယ်။ထိုလူဘာလို့ ရုတ်တရက်ကြီးအေးစက်နေရတာလဲ။ ပြီးတော့ စကားပြောတာကလည်း ပြတ်တောင်းပြတ်တောင်းနဲ့...

"ဘာဖြစ်လို့လဲ"

တုရှန်း စိုးရိမ်တကြီးမေးလိုက်တယ်။

ယန်ကျိ ခေါင်းခါလိုက်ကာ သူ့ခြေထောက်နားက စားပွဲပေါ်မှာ ဆေးသေတ္တာကို ယူလိုက်တယ်။

"အာကာသယာဉ်ရဲ့ ရွေ့လျားစွမ်းအင်က မလုံလောက်တော့ဘူး။ကုသခန်းကလည်း သုံးလို့မရတော့ဘူး။ မင်းနိုးတဲ့အခါ မင်းအတွက်ဆေးလဲပေးဖို့ ကိုယ်လုပ်ပေးမယ်"

တုရှန်း အိပ်ယာပေါ်က ရုတ်တရက် ကောက်ထလိုက်ချိန်  သူကိုယ်လုံးတီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။

ဟမ်? ဘယ်လိုဖြစ်တာလဲ
တုရှန်း စောင်ကိုဖယ်ပြီးကြည့်လိုက်ပြီးနောက် ချက်ချင်းပြန်အုပ်ကာ မျက်နှာလေးရဲလာတယ်။ဒါပေမဲ့ သူ့တစ်ကိုယ်လုံးက အနာတွေကို ပတ်တီးတွေစည်းတာဖြစ်လို့ ဘာမှတော့သေချာမမြင်နိုင်ပါဘူး။

"အရှင့်သား ကျွန်တော့်အဝတ်တွေကော"

တုရှန်း မေးတော့ ယန်ကျိ ပြန်ဖြေလာတယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now