39

1.9K 245 1
                                    

[Unicode]
Chapter-39  (အိပ်မပျော်တဲ့ညများ)

ညလယ် သုံးနာရီလောက်မှာ ယန်ကျိ ဖုန်းအသံကြားပြီး တုရှန်း လန့်နိုးသွားတယ်။ ထို့ကြောင့် အိပ်ယာပေါ်ထကာ ဖိနပ်ပါးလေးစီးပြီး အိပ်ယာထဲကနေ တုရှန်း ထွက်သွားတယ်။
ဧည့်ခန့်ထဲမှာ ယန်ကျိ က ဝှီးချဲပေါ်ထိုင်ရင်း ပြတင်းပေါက်ဘက်ကိုမျက်နှာမူရင်း စကားပြောနေတယ်။

"ငါအခုချက်ချင်းလာခဲ့မယ်"

ဖုန်းပြောပြီးနောက် ယန်ကျိ ဖုန်းကို ချက်ချင်းချလိုက်တာကြောင့်

"ဘာဖြစ်လို့လဲ"

မီးကိုဖွင့်လိုက်ရင်း တုရှန်း မေးတဲ့အသံကြားတော့ လှည့်ကြည့်လာတဲ့ ယန်ကျိ မျက်နှာက ဝမ်းနည်းပုံပေါ်
နေတယ်။

"မီလာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်"

ယန်ကျိ ရဲ့ စကားပြောတဲ့အသံက မတည်မငြိမ်ဖြစ်မနေပေမဲ့ တုရှန်း ကတော့ ယန်ကျိ မျက်ဝန်းထဲက ဝမ်းနည်းရိပ်တွေကိုမြင်နေရတယ်။ အရင်နှစ်တွေမှာ ကောင်းချီးတွေရခဲ့ပြီး ယန်ကျိ ဘေးမှာနေလာခဲ့တဲ့ ထိုကောင်လေး မီလာ အကြောင်းတွေးမိရင်း တုရှန်း ပါ ဝမ်းနည်းမိသွားတယ်။

တုရှန်း ယန်ကျိ ဆီ လျှောက်သွားကာ လက်ကိုဆွဲယူပြီးနောက် သူ့နဖူးကိုထိကိုင်လိုက်တယ်။ယန်ကျိ ဘက်က ရှားရှားပါးပါးသက်ပြင်းချလာတယ်။တုရှန်း လည်း ယန်ကျိ မျက်နှာကိုကိုင်ကာ

"အရင်ဆုံးမျက်နာသစ်လိုက်ဦး။ ကျွန်တော်ကော်ဖီဖျော်ပေးမယ်"

ယန်ကျိ သူ့မျက်နာကိုလက်ဖြင့်ကာထားရင်း "အင်း"လို့ပြန်ဖြေလာတယ်။တုရှန်းလည်း ကော်ဖီဖျော်ရန် မီးဖိုခန်းထဲဝင်သွားတယ်။မနေ့ညက ယန်ကျိ ညနက်မှအိပ်ခဲ့ပြီး သုံးနာရီလောက်ပဲအိပ်ရသေးတယ်။ တုရှန်း မှာတော့ မိုးလင်းရင် ယန်ကျိ ကို အူတိုင်က ယန်ကျိ ခြေထောက်ကိုကူသနိုင်ကြောင်းကိစ္စပြောပြမလို့ စီစဉ်ထားခဲ့ပေမဲ့ အခုကြည့်ရတာ နည်းနည်းနောက်ဆုတ်ထားရဦးမဲ့ပုံပဲ။

ကော်ဖီဖျော်ပြီးတော့ တုရှန်း ခွက်ထဲလောင်းထည့်ကာ အဝတ်အစားလဲပြီးသွားပြီဖြစ်တဲ့ ယန်ကျိ ဆီကမ်းပေးလိုက်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now