23

2.9K 357 4
                                    

[Unicode]
Chapter-23 (အချစ်တွေပြည့်နေတဲ့ည)

"အန်တီ ကျွန်တော် ရူချွိနဲ့လက်ထပ်ပါ့မယ်"

တုချိ ရူမားမား ကိုကြည့်ပြီး ပြောလိုက်တဲ့စကားအဆုံး ရူချွိ မျက်နှာက ချက်ချင်းစိမ်းဖန့်လာတယ်။

"တုချိ မင်းဒါဘာသဘောလဲ"

ရူချွိ မတ်တပ်ရပ်ကာ တုချိ ကိုကြည့်ပြီး ဒေါသတကြီးပြောတော့တာကြောင့် တုချိ ရူမားမား နားကို ကပ်သွားကာ မျက်နှာငယ်လေးနဲ့ မျက်ရည်တွေကျပြတော့တယ်။သူအရမ်းဝမ်းနည်းလို့ ရူချွိ မေးတာကိုတောင်ပြန်မဖြေနိုင်သလိုပေါ့။

ရူမားမား မျက်နှာ ချက်ချင်းပဲ မဲမှောင်လာပြီး ရူချိ ကိုစိုက်ကြည့်ကာ

"တုချိ နဲ့လက်ထပ်ဖို့ ငါ့ကိုဘယ်သူကတိပေးထားလဲပြောစမ်း"

ရူမားမား အမေးကြောင့် ရူချွိ ဘာပြန်ဖြေရမလဲမသိတော့။ သူကအရပ်ရှည်ပြီး အကောင်ကြီးတဲ့အယ်လ်ဖာဖြစ်ပေမဲ့ သူ့ရှေ့ကအိုမီဂါနှစ်ယောက်ကို မလွန်ဆန်ရဲဘူးဖြစ်နေတယ်။ ထို့ကြောင့် သူဒေါသတကြီးနဲ့ပြန်ထိုင်လိုက်ပြီး တုချိ ကိုစိတ်ဆိုးဆိုးနဲ့ကြည့်နေတော့တယ်။

တုချိ ခေါင်းငုံ့လိုက်ကာ ရူမားမား စကားကိုနားထောင်လိုက်တာကောင်းတယ်လို့ သူ့ကိုယ်သူတွေးနေတယ်။ဟီးဟီး...ဒီကောင်က ငါ့ကိုဘောလုံးလိုကန်ထုတ်ချင်တယ်ပေါ့ အခုဘယ်သူပြန်အကန်ခံရလဲကြည့်လေ။

"မင်းက ငါနဲ့လက်မထပ်ချင်ဘူးလား"

တုချိ ကျေနပ်အားရနေတဲ့စိတ်ကို ထိန်းကာ ဝမ်းနည်းနေတဲ့ပုံစံနဲ့ခေါင်းမော့ကာ မေးလိုက်တယ်။တစ်ချိန်တည်းမှာပဲ ရူမားမား က ရူချွိ ကို မြေခွေးပြာကျစေတဲ့အကြည့်နဲ့ကြည့်နေတာကြောင့် ရူချွိ လည်း သူ့အင်္ကျီကိုကြမ်းကြမ်းဆုတ်ကိုင်ကာ တုချိ ကိုအတော်လေးစိတ်ဆိုးသွားတယ်။သူတကယ်နမောနမဲ့နိုင်သွားတယ်။

"လက်ထပ်ချင်တာပေါ့ ဘာလို့မလက်ထပ်ချင်ရမှာလဲ"

ရူချိ သွားကိုတင်းတင်းစေ့ကာပြောလိုက်တယ်။သူတကယ်မယုံနိုင်ဘူး။ တုချိ က သူ့ကိုလက်ထပ်ရဲတယ်ပေါ့လေ။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now