Chapter 12

1K 102 76
                                    

"ဝမ်ဝမ်ရေ...."

ရှောင်းကျန့်က သူအခန်းထဲကနေ လှမ်းခေါ်တော့ မီးဖိုခန်းထဲရောက်နေသော ရိပေါ်က အသံမပေးဘဲ ဝင်လာခဲ့သည်။

"ဝမ်ဝမ်‌....ဒီနားလာ...."

"လာပြီ...."

စူပုတ်ပုတ်မျက်နှာလေးနဲ့ဘောက်ဆတ် ဘောက်ဆတ်ဖြင့်ရောက်လာသည့် ချာတိတ်က မနေ့ကဆူခံထားရတာမို့ သူ့ကိုစိတ်‌ကောက်နေမှန်းသိပေမဲ့လဲ ရှောင်းကျန့်မချော့မိပါ။

"အပေါ်က ငါအရင်နေတဲ့အခန်းထဲမှာ laptopရှိတယ် သွားယူလိုက်...."

"ယူချင်ဘူး....."

"ဘာ !....ဘာပြောတာလဲ...."

"မယူချင်ဘူးလိူ့ပြောတာ...."

ရှောင်းကျန့်မှာ အံ့ဩလွန်းလို့ ဘာဆက်ပြောရမှန်းမသိဖြစ်သွားရသည်။ဆူပုတ်ကောက်ချိတ်နေတဲ့မျက်နှာလေးဖြင့် ဂျစ်တစ်တစ်ပြန်ဖြေသည့် ရိပေါ်က အူယားစရာကောင်းလွန်းလို့ ရှောင်းကျန့်မှာအသဲတယားယား။

"အကြောင်းပြချက်က...."

"မသွားချင်ပါဘူး....သူများတွေက သားကိုတမျိုးထင်မှာပေါ့....ပိုင်ရှင်မပါဘဲ သူများအခန်းကို ဝင်ရမှာ စိတ်မလုံဘူး...."

တကယ်လဲ ရိပေါ်စိတ်ထဲမှာထိုသို့ဖြစ်သည်။ဒီအိမ်ရောက်ထဲက အပေါ်ထပ်က ဘုရားခန်းနဲ့ဧည့်ခန်းမှာ ပန်းအိုးလဲတာနဲ့လောက်ပဲလုပ်ဖူးတာမို့ ကိုကြီးအခန်းထဲထိဝင်ဖို့ရာမဝင့်ရဲ....။

"ဒီအိမ်မှာ မင်းကိုဘယ်သူကဘာပြောရဲမှာလဲ....ပြီးတော့ မင်းသဘောနဲ့မင်းသွားတာမဟုတ်ဘူး...ကိုယ်ခိုင်းတာ....တယောက်ယောက်ကမေးလာခဲ့ရင် ကိုယ်,ကိုယ်တိူင်ပြောမယ်...."

ကိုကြီးကခိုင်းတာဆိူပေမဲ့လဲ ဒေါ်ကြီးတို့က မြင်သွားပြီး ဘဘကိုပြန်ပြောလိုက်လျှင် ကိုယ့်ယုံကြည်ချစ်ခင်နေတာ‌တွေက တမျိုးတမည်ပြောင်းလဲသွားမှာ ရိပေါ်မလိုလားတာမို့ ပေတေပြီးရပ်နေမိသည်။

"ဟေ့ ပြောနေတာကြားလား....သက်သက်မဲ့ဂျစ်မနေနဲ့ ဝမ်ဝမ်....ငါကစိတ်ရှည်တက်တာမဟုတ်ဘူးနော်..."

သိပါတယ်....အရပ်ရှည်သလောက် အမြဲစိတ်တိူနေတဲ့ ဦးစိတ်တိုကြီးဆိုတာ သိသားပဲ....။မျက်စောင်းလေးဝင့်လျက် နှုတ်ခမ်းစူကာ ချာခနဲလှည့်ထွက်သွားသည့် ချာတိတ်ကြောင့် ရှောင်းကျန့်ခေါင်းယမ်းလို့ ပြုံးမိသည်။

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now