Chapter 14

906 88 96
                                    

ကြောင်ဖြူလေးကိူ ခုံပေါ်တင်ကာ တဘတ်နဲ့ရေသုတ်ပေးလိုက် dryerနဲ့လေမှုတ်ပေးလိုက်ဖြင့် အလုပ်များနေသော ‌ရိပေါ်လေးမှာ ရှောင်းကျန့်ဝင်လာတာကိုတောင် သတိမထားမိပါ။

"မင်းကို ဒီနေ့ကစပြီး ဖြူလုံးလေးလို့ခေါ်မယ်....မှတ်ထားရမယ်နော် ဖြူလုံးလေး...."

"ညောင်...."

ခြောက်သွေ့စပြုနေပြီဖြစ်တဲ့ ဖြူလုံးလေးရဲ့ အမွှေးဖွားဖွားတွေကို ဘီးနဲ့စိတ်ရှည်လက်ရှည်ဘီးပေးရင်း

"ကိုကိုက ဖြူလုံးကိုမွေးစားမှာ သိလား....မကြောက်နဲ့နော်....ဒီအိမ်ကလူတွေက အကုန်လူံးသဘောကောင်းတယ်.....ဖြူလုံးကိုချစ်ကြမှာပါ....ဘာမှစိုးရိမ်ဖို့မလိုဘူး ဟုတ်ပြီလား...."

"ညောင်...."

ရိပေါ်တခွန်းပြောလိုက် ကြောင်ကတခါညောင်လို့ အော်လိုက်ဖြင့် အဆင်ပြေနေကြသည်။ရေစိူအဝတ်တော့ လဲထားပါရဲ့....အခုထိ ဆံပင်ဝါဝါ‌တွေက ရေစက်လက်ဖြင့်ရှိနေဆဲမို့

"ဝမ်ရိပေါ်...."

"ဗျ...ဗျာ ကိုကြီး...."

ကြောင်ကိုသာ အာရုံရနေသောရိပေါ်မှာ ကိုကြီးခေါ်သံရုတ်တရက်ကြီးကြားလိုက်ရတာမို့ လန့်ဖြန့်ထူးမိသည်။

"ထင်တယ်....ငါထင်လို့ လာကြည့်တာ.....အခုထိ ဆံပင်က ရေစိုနေတုန်း....အခုခြောက်အောင်သုတ်စမ်း....."

ရေစိူနေတဲ့ဆံပင်လေးတွေကို ခပ်ဖွဖွကိုင်ကာ ရှောင်းကျန့်ပြောလိုက်တော့

"ခနလေးပါ ကိုကြီးရဲ့....ဖြူလုံးလေးက ပြီးခါနီးပြီ....သူ့အရင်ပြီးအောင်လုပ်ပေးလိုက်ဦးမယ်.....ဒါနဲ့ ကိုကြီးက ဘယ်လိုရောက်လာတာလဲ....သားကို လှမ်းခေါ်လိုက်တာတော့မဟုတ်ဘူး.....ချော်ပြုလဲနေမှ ဒုက္ခ...."

"အခုမှ စိတ်ပူတက်မနေနဲ့....ငါ့ဘာသာ နတ်မျက်စိနဲ့ပဲလာလာကွာ....အဲ့ကြောင်က အရေးကြီးသလား.....ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘူး....ကြောင်ကိုချထား...."

မျက်လုံးပြာဝိုင်းဝိုင်းကြီးတွေဖြင့် စကားပြောနေတဲ့ သူနဲ့ရိပေါ်ကိုလိုက်ကြည့်နေသည့်ကြောင်ဖြူလေးက အတော်တော့ချစ်ဖို့ကောင်းသည်။

မောင့်ဘဝရဲ့လမင်းသခင်Nơi câu chuyện tồn tại. Hãy khám phá bây giờ