Chapter 5

844 80 37
                                    

သူ့ခုတင်ဘေးမှာ မွေ့ယာပါးလေးခင်းပြီး အိပ်နေတဲ့ဝမ်ရိပေါ်ကို တချက်ငဲ့ကြည့်လိုက်သည်။ခေါင်းမြီးလုံအောင်ခြုံထား၍ စောင်အောက်က တစွန်းတစထွက်နေတဲ့ ဆံပင်ဝါဝါတချို့ကို မြင်နေရသည်။

ကျင်းမိသားစုက ဘာရည်ရွယ်ချက်နဲ့ ဒီကောင်လေးကို သူ့အနားလွတ်လိုက်ရသနည်း။စတွေ့‌လိုက်ချင်း ဖေဖေ့အနောက်ကနေ ခပ်ကုပ်ကုပ်လေးပါလာသည့် သက်ရှိအရုပ်ကလေးမို့ မျက်မှန်အောက်က မမြင်ချင်ယောင်ဆောင်ထားသည့် မျက်လူံး‌တွေဖြင့် ငေးကြည့်နေမိသည်။

ဟုတ်၏...ကားအက်စီးဒင့်ကြောင့် မျက်လူံးကွယ်ရ‌သည်က ရှောင်းကျန့်တို့သူငယ်ချင်း၃ယောက်ရဲ့ ပူးပေါင်းကြံစည်မှုသက်သက်သာ။

တကယ်က သူတို့barမှာ ဘီယာသောက်ပြီး အပြန် ချာတိတ်တချို့နဲ့ လူချင်းတိုက်မိခဲ့သည်။စိတ်မကြည်သည့်အရှိန်နဲ့မို့ စကားများများမပြောချင်တာ‌ကြောင့်sorryဘာညာပြောတာကို ဇောင်းကြွကြွလာလုပ်သည့် ငနဲသားလေးများနဲ့ ရှောင်းကျန့်တို့ တပွဲတလမ်းအကဲစမ်းခဲ့ကြရသည်။

လုပ်ငန်းခွင် ကိုယ်စီနဲ့၃၅နှစ်ကျော်ကျော် လူလတ်ပိုင်းအရွယ်တွေမို့လို့ ရန်မဖြစ်ရတာကြာနေတော့ လက်ကသိပ်မသွက်သည့်အပြင် တဖက်အုပ်စုက လူပိုများတာကြောင့် သူတို့သုံးယောက် နဲနဲအထိနာခဲ့သည်ကို အကြောင်းပြုလို့ အက်စီးဒင့်ဖြစ်၍ ရှောင်းကျန့်မျက်လုံးကွယ်၏ဆိူသော ဇာတ်လမ်းတပုဒ်ဖန်တီးဖြစ်ခဲ့သည်။

"ဟေ့ ဝမ်ရိပေါ်....ဝမ်ရိပေါ်...."

"ဗျာ...."

အိပ်ပျော်ခါစ အချိန်လေးမို့ အကိုကြီးခေါ်သံကိုကြားသည်နှင့် ရိပေါ်ချက်ချင်းထထိုင်လိုက်ကာ

"ဘာဖြစ်လို့လဲ အကိုကြီး....သားဘာလုပ်ပေးရမလဲ...."

မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း သူ့ကိုမေးနေသည့် ဖြူလုံးလေးကြောင့်

"ငါဗိုက်ဆာတယ်....တခုခုသွားယူပေးလို့ရမလား....."

"ဟုတ်....ခနလေးနော်....သား ယူပေးမယ်...."

ဘာပြောပြော ခေါင်းလေးညိတ်ကာ စောဒကမတက်ဘဲ တန်းနာခံသည့် အကျင့်လေးကိုတော့ ရှောင်းကျန့်သဘောကျမိသည်။အခုလဲ အပြင်ထွက်သွားတာမှ လစ်လစ်ပါလို့။

မောင့်ဘဝရဲ့လမင်းသခင်Wo Geschichten leben. Entdecke jetzt