Chapter 15

915 95 63
                                    

ရှောင်းကျန့် ဘယ်သွားသွား ရိပေါ်က အနားမှာအမြဲရှ်ိသလို ရိပေါ်သွားလေရာမှာလဲ ကြောင်ဖြူလေးက ရှိနေတက်သည်။

အခုလဲ ရှောင်းကျန့်က ဧည့်ခန်းမှာထိုင်နေစဉ် မွှေးပွကော်ဇော်ကြီးပေါ်မှာ ရိပေါ်နဲ့ဖြူလူံးတို့က အလုပ်များနေကြသည်။

"ညောင်....ညောင်...."

"ခနလေး ခနလေး....ပြီးပြီနော် ဖြူလုံးလေး...."

ရုန်းကန်‌နေတဲ့ဖြူလူံးကို ချော့မော့ပြီး အင်္ကျီအတင်းဝတ်ပေးနေသော ရိပေါ်မှာ အလုပ်ရှုပ်နေလျက်။

ဖြူလုံးအတွက် အဝတ်အစားအသုံးဆောင်လေးတွေဝယ်ချင်ပါသည်ဆ်ူသော ရိပေါ်ရဲ့ပူဆာမှုက သားအပေါ်အလိုလိုက်အကြိုက်ဆောင်ချင်နေတဲ့ ဖေဖေနဲ့ ကွတ်တိညီနေတာမို့ ရုံးကပြန်ရောက်ရောက်ချင်း အဝတ်စားတောင်မလဲနိုင်ဘဲ သူကိုယ်တိုင်ကားမောင်းလို့ ချက်ချင်းလိုက်ဝယ်ပေးသည်။

"ဟော သားငယ်....ဘာလို့အောက်မှာထိုင်နေတာလဲ....ခုံပေါ်မှာထိုင်လေ...."

စာကြည့်ခန်းထဲက ထွက်လာသော ဘဘက အလုပ်များနေ‌သောရိပေါ်ကို ကြည့်ရင်း ပြောလိုက်တော့

"ဖြူလုံးကုပ်ရင် ဆ်ုဖာတွေပေါက်ကုန်မှာပေါ့ ဘဘရဲ့....ဈေးကြီးကကြီးနဲ့ ပေါက်သွားရင် နှမျောစရာကြီး...."

ကြောင်လေးရဲ့ ခေါင်းကအမွှေးဖွားဖွားလေးတွေကို ဘီးနဲ့ညင်ညင်သာသာဖီးပေးကာ ပန်းရောင်ဖဲပြားကလစ်လေးကို တွယ်ပေးရင်း ‌ဘဘကို ရှင်းပြမိသည်။

"ကဲ လှသွားပြီ....ငြိမ်ငြိမ်နေနော်....ငါက မင်းကိုလှလှပပဝတ်ပေးထားတာ....မဲတူးနေလို့ကတော့ ရိုက်ခံရမယ်မှတ်....."

"ညောင်...."

ဇာပါးလေး တွေကို ဂါဝန်ပူံစံအထပ်ထပ်ချုပ်ထားတဲ့သော ပန်းရောင်ဂါဝန်လေးနဲ့ ခေါင်းကဖဲပြားကလစ်ပါတွယ်ပေးထားသည့် ဖြူလုံးက ရိပေါ်ပြောတာကို နားလည်သည့်အလား တညောင်ညောင်လုပ်နေသည်။

"ကောင်းကွာ....သားငယ်လဲ ဖြူလူံးရောက်မှ အလုပ်တွေကိုရှုပ်လို့ပါလား...."

"ရှုပ်သလားတော့ မမေးနဲ့....အလုပ်မရှိကြောင်ရေချိူးဆိုတာ ဖေဖေ့သားမှ အစစ်....တနေ့တနေ့ ဒီကြောင်ကိုရေချိူးပေးရအင်္ကျီ‌ဝတ်ပေးရနဲ့ ဝက်ရုပ်ဆိုးကနေ ကြောင်အမေကြီးဖြစ်နေပြီ...."

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now