Chapter 1

1.8K 108 48
                                    

"ဒုက္ခပါပဲ....ဒီမှာဗိုက်ဆာနေပါပြီဆိူ....."

မီးနီမိနေသည့် ကားမီးပွိုင့်ကြောင့် ကားတန်းရှည်ကြီးကို လည်ပင်းလေးဆန့်ကြည့်ကာ မကြေမနပ်လေးပြောလာသည့် ဟွေ့ရင်ကို ယန်ယဲ့ငဲ့ကြည့်လိုက်ရင်း

"ခနလေးစောင့်ပါ သခင်မလေးရဲ့....စိတ်မရှည်တက်တာလဲ လွန်နေရောကွာ...."

ဟွေ့ရင်ရဲ့ ပါးလေးကိုခပ်ဖွဖွဆွဲဖဲ့ကာ ရယ်မောရင်း ပြောနေသည့်အကို့ကို‌သာ ငေးကြည့်နေမိသည်။အကိုယန်ယဲ့ဆီမှ ဒီလိုနူးနူးညံ့ညံ့အပြောလေးတွေကြားတိုင်း ဟွေ့ရင် ရင်ခုန်ရသည်။

သိပ်မကြာခင်ပဲ ရှောင်းကျန့်နဲ့စေ့စပ်ရတော့မည်ဖြစ်၍ အကိုနဲ့ခွဲရတော့မည်အားတွေးမိကာ သူမစိတ်ထဲ ဝမ်းနည်းမိသည်။

ရှောင်းကျန့်က xiao groupရဲ့အမွေဆက်ခံသူ...ရုပ်ရှိရေလျှံ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးမို့စိတ်ဝင်စားကာ သူမတို့တွဲဖြစ်ခဲ့ပေမဲ့ ရှောင်းကျန့်ကိုမချစ်ပါ။

"မျက်နှာလေးက ဘာလို့ချက်ချင်းငယ်သွားရတာလဲ....ကိုယ့်သခင်မလေး ဘာတွေအလိုမကျနေတာလဲ...."

ရှောင်းကျန့်နဲ့မတူသော အကိုယန်ယဲ့က ဤသို့ပင်။ဟွေ့ရင်ကို အရိပ်တကြည့်ကြည့်ဖြင့်သာရှိနေသူမို့ နည်းနည်းလေးလောက်မျက်နှာညိုးသွားရင်ပဲ ချက်ချင်းသိသည်။

"ဘာမှမဖြစ်ပါဘူး အကိုရယ်....ဟွေ့ရင်ဗိုက်ဆာနေလို့ပါ...."

ဟန်လုပ်ပြုံးလေးဖြင့်သာ ဟွေ့ရင်ပြန်ဖြေလိုက်ရပေမဲ့ ငိူချင်မိသည်။ဦးနှောက်နဲ့စဉ်းစားရလျှင် ပျိုမဒီတိုင်းရဲ့အိမ်မက်မင်းသားရှောင်းကျန့်ကို လက်လွတ်နိုင်စရာမရှိသလို သူမရဲ့နှလုံးသားက အကို့ကိုသာ လက်ညိုးညွှန်ပူဆာနေတော့ ဟွေ့ရင်ရွေးရခက်ချေပြီ။

"အကို့ကို ဟွေ့ရင် သိပ်ချစ်တယ်ဆိုတာ အကိုယုံတယ်မလား...."

ကားမောင်းနေတဲ့ယန်ယဲ့ရဲ့ လက်မောင်းတဖက်ကို ဆုပ်ကိုင်ကာ ပုခုံးပေါ်ခေါင်းလေးမှီလို့ ခပ်တိူးတိူးမေးမိတော့

"ယုံတာပေါ့....အကိုလဲ မင်းလေးကိူ သိပ်ချစ်တာ သိတယ်မလား....ဘာကြောင့်နဲ့မှ လက်လွတ်မပေးနိုင်ဘူးနော်...."

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now