‌Chapter 17

1K 96 98
                                    

"လုလုတိူ့ကို ရှန်ရှီးလာတွေ့တဲ့ကိစ္စ ဖေဖေပြောပြထားတယ်....."

Breakfastမစားခင် စာကြည့်ခန်းမှာ ရှောင်းကျန့်ကို သီးသန့်ခေါ်တွေ့ပြီး ဖေဖေကပြောပြသည်။

"ကောင်းတယ် ဖေဖေ....မဟုတ်ရင် ကြီးမေတို့ဘက်က ကျနော်တို့ကိုတမျိုးထင်သွားနိုင်တယ်.....အခုလိုပြောပြထားတော့ ကျနော်တို့လဲ စိတ်ရှင်းတာပေါ့....."

ရှင်းချန်အကြောင်းကြားလိုက်တော့ ရှန်ရှီးကိုဒေါသတွေဖြစ်နေကာ သူမကိုယ်တိူင် လာတွေ့မည်ဟု လုလုကပြောခဲ့သည်မို့

"သားကိူ ဖေဖေတခုအကူညီတောင်းရဦးမယ်......သားငယ်ကိူ သူ့အမေနဲ့တွေ့ဖို့ နဲနဲပြောပေးပါလား....ဘယ်လိုပဲဖြစ်ဖြစ် သားသမီးနဲ့မိဘဆိုတော့ မကောင်းဘူးပေါ့သားရယ်...."

"ချာတိတ်က တွေ့ချင်မှာမဟုတ်ဘူး....သူ့အမေလုပ်ရပ်တွေက ဟုတ်မှမဟုတ်ခဲ့တာ....စိတ်နာမယ်ဆို နာသင့်တာပဲလေ.....ကျနော့်အနေနဲ့ကတော့ ချာတိတ်စိတ်မပါတဲ့ ဘယ်အရာကိုမှ အတင်းအကျပ်ဖိအားမပေးချင်ဘူး ဖေဖေ....."

ငယ်စဉ်ဘဝမှာ မိခင်နဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ ချာတိတ်လေးရဲ့ စိတ်ကိုနားလည်သူမို့ ရှောင်းကျန့်ကတော့ ငြင်းဆန်မိသည်။

"အဲ့ဒါကိုလဲ ဖေဖေသိပါတယ်.....အမြဲတမ်းကြီး ရှောင်နေလို့မှမဖြစ်တာ.....သားငယ်ကို သူ့အမေနဲ့ခနတွေ့စေချင်တယ်.....မပြေလည်တဲ့သားအမိတွေ ချစ်ခင်ရင်းနှီးသွားကြရင် ပိုမကောင်းဘူးလား သားရယ်....."

ရိပေါ်တို့သားအမိကို အဆင်ပြေစေချင်သည့် ဖေဖေရဲ့စေတနာကို ရှောင်းကျန့်နားလည်သည်။သူ့အမေကို စိတ်နာပါတယ်ဆိူသော ချာတိတ်ခမျာလဲ မျက်နှာလေးက သိပ်မကောင်းတာလဲ မြင်နေရသည်မို့ ရှောင်းကျန့်သက်ပြင်းချမိကာ

"ကျနော်ပြောကြည့်ပါဦးမယ်....ဒါပေမဲ့ အတင်းအကျပ်တော့ ကျနော်တိုက်တွန်းမှာမဟုတ်ဘူးနော်....."

ဝမ်လေးအပေါ်ထားသည့် သားဖြစ်သူရဲ့စိတ်ခံစားချက်ကို ငယ်ရာကကြီးခဲ့သူပီပီ ရှင်းချန်ရိပ်မိတာမို့ အပြုံးဖြင့်သာ ခေါင်းညိတ်မိတော့သည်။

          ✨✨✨✨✨✨

"ကိုကြီးနော်.... ဘယ်လိုဖြစ်နေတာလဲ....ဒီမှာ သားအလုပ်လုပ်နေတာကို....."

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now