"ဟော သားငယ်လေး ပြန်လာပြီလား...."
ဖေဖေနဲ့အတူ ဧည့်ခန်းမှာထိူင်နေသော ရှောင်းကျန့်က ကားသံကြားထဲက နာရီကို မသိမသာလှမ်းကြည့်လိုက်တော့ ၆နာရီခွဲလုနီးနီးကိူ ညွှန်ပြနေသည်။
"ဟုတ် ဘဘ...."
လက်တဖက်ကအထုတ်တွေကိုစုကိုင်ထားကာ စကိတ်လေးကိုရင်ခွင်ပိုက်လို့ ကျောပိုးအိတ်လေးလွယ်ပြီး ခပ်ကုတ်ကုတ်ဝင်လာသည့် ချာတိတ်က သူတို့အနားထိရောက်လာတော့
"ဘယ်အချိန်ရှိပြီလဲ....မင်းကိူငါဘာမှာလိုက်လဲ....ဝမ်ရိပေါ်က ငါ့စကားကို အလေးမထားတာလား....ဂရုစိုက်ဖို့မလိုဘူးလို့ ယူဆတာလား...."
အဆူခံရမှာ ကြိုတွေးထားမိပေမဲ့ အခုလိုအိမ်ထဲဝင်ဝင်ခြင်း အဆူခံရမယ်လို့ မထင်ထားခဲ့ပေ။မျက်နှာငယ်လေးဖြင့် ခေါင်းလေးငုံ့သွားသည့် ရိပေါ်ကြောင့် ရှင်းချန်စိတ်မကောင်းဖြစ်ရကာ
"သား...ကလေးကိုမဆူပါနဲ့ကွယ်...."
"ဖေဖေမသိပါဘူး....ဝမ်ရိပေါ် ငါမေးနေတာ မကြားတာလား...."
ရိပေါ်ဘက်ကနေ ကာကွယ်ပြောပေးမဲ့ဘဘကိုပါ လေသံမာမာကြီးနဲ့တားဆီးလိုက်တဲ့ကိုကြီးကြောင့်
"ကြားပါတယ်....သား ကြီးမေတို့အိမ်ဝင်နေလို့ နဲနဲနောက်ကျသွားတာပါ ကိုကြီး...."
လုပ်ချင်ရာ လုပ်ခဲ့ပြီးမှ မျက်နှာငယ်လေးနဲ့မဝင့်မရဲပြန်ဖြေနေတဲ့ချာတိတ်ကို ဆွဲစောင့်ပစ်ချင်သည်အထိ ရှောင်းကျန့်အတော်စိတ်တိုမိသည်။
"မင်းမှာ ဖုန်းမရှိဘူးလား....နောက်ကျမယ်ဆိုလဲ ဖုန်းကြိုဆက်လေ....ဘယ်သွားမှန်းမသိ...ဘာလုပ်နေမှန်းမသိနဲ့ အိမ်ကလူကြီးတွေ ဘယ်လောက်စိတ်ပူနေမလဲ မင်းမစဉ်းစားတက်ဘူးလား...."
တခါလေးအပြင်သွားတာကို ဆူငေါက်လို့မပြီးနိုင်တဲ့ကိုကြီးကြောင့် မျက်ရည်တွေက အိခနဲဝိုင်းလာကာ နှုတ်ခမ်းလေးက မဲ့ကျသွားပြီး ငိုမဲ့မဲ့လေးဖြစ်သွားရသည်။
"ကဲပါ သားရယ်.....အခုသားငယ်လေးက အိမ်ပြန်ရောက်နေပြီပဲ....စိတ်ပူတာတော့ ပူတာပေါ့ကွာ...ဟိုမှာငိုတော့မယ် ကလေးကို ဆူလားငေါက်လားမလုပ်စမ်းနဲ့....."