Chapter 16

765 93 73
                                    

"ဥက္ကဌရှောင်း....."

ရှင်းချန်ဧည့်ခန်းထဲဝင်လာတာမြင်တော့ အသင့်ထိုင်စောင့်နေတဲ့ လျိုရှန်ရှီးက မတ်တပ်ရပ်ထရင်း နှုတ်ဆက်လာသည်။

"ထိုင်ပါ ဥက္ကဌလျို....ထိုင်ပါ....."

ဘာကိစ္စလဲလို့ မေးဖို့မလိုပါ....သူမသားဆီလာမှန်း ရှင်းချန်သိသည်မို့  လျိုရှန်ရှီးကို ပြုံးပြကာ

"သားငယ်ကို ခေါ်ပေးမယ်....ခနနော်....အဒေါ်ကြီး ဝမ်လေးကို ခေါ်လိုက်ပါဦး....."

"ဟုတ်ကဲ့ပါ သခင်ကြီး....."

ရိပေါ်ကတော့ သူ့အမေလာတယ်ဆို၍ အခန်းထဲမှာဝင်ပုန်းနေသည်။မတွေ့ချင်....မေမေ့ကိုမြင်တ်ုင်း ရိပေါ်ရင်ထဲမှာ နာကြင်ရသည်မိူ့ မေမေနဲ့မတွေ့ချင်ပါ။

"ဝမ်လေးရေ....ဝမ်လေးကို သခင်ကြီးကအခေါ်ခိုင်းလိုက်တယ်ကွယ်....ခနလောက်ထွက်ခဲ့ပါဦးတဲ့...."

တံခါးက lockချထားတာမို့ အပြင်ကနေ တဒေါက်ဒေါက်ခေါက်ရင်းခေါ်နေတဲ့ အဒေါ်ကြီးကြောင့် ရှောင်းကျန့်ကို အားကိုးတကြီးနဲ့လှမ်းကြည့်မိကာ

"ကိုကြီး....သားမတွေ့ချင်ဘူး...."

သနားစဖွယ် မျက်နှာငယ်လေးနဲ့ ခပ်တိူးတ်ူးအရေးဆိုနေတဲ့ ချစ်ရသူချာတိတ်ကလေးကို ရှောင်းကျန့်ခေါင်းအသာညိတ်ပြရင်း

"ဝမ်ဝမ်က online classတက်တဲ့ အချိန်ဖြစ်နေပြီ....သူထွက်တွေ့နိုင်မှာမဟုတ်ဘူး အဒေါ်ကြီး....."

တံခါးဖွင့်ကာ သူကိုယ်တိုင်ပဲ အဒေါ်ကြီးကိူ ပြောလိုက်သည်။အိမ်မှာအတူနေတဲ့သူတွေဖြစ်တာမိူ့လို့ ချာတိတ်လေး သင်တန်းတက်တဲ့အချိန်ကိုသိထားသည့် အဒေါ်ကြီးမှာလဲ သက်ပြင်းချရင်း ခေါင်းညိတ်ပြသည်။

အဒေါ်ကြီးထွက်သွားမှ ရှောင်းကျန့်တံခါးပြန်ပိတ်ကာ အနောက်ကိုလှည့်ကြည့်လိုက်တော့ ကျေးဇူးတင်သည့် မျက်ဝနါးလေးတွေဖြင့် ကြည့်နေသော ချာတိတ်ရဲ့မျက်နှာလေးက ခပ်နွမ်းနွမ်း။

"သခင်ကြီး....ကလေးက onlineသင်တန်းတက်နေလို့တဲ့....အဲ့ဒါ...."

စကားကိုဆုံးအောင်မပြောဘဲ လျိုရှန်ရှီးကိူ မသိမသာဝေ့ကြည့်လိုက်သည့် အဒေါ်ကြီးကြောင့် ရှင်းချန်လဲ ချော်လဲရောထိုင်လူပ်ရကာ

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now