Chapter 2

889 87 24
                                    

ခြံထဲမှာ ပန်းပင်လေးတွေကို ရေလောင်းရင်း ကိုယ့်ဘဝအကြောင်းကို ရိပေါ်ပြန်တွေးမိသည်။

ရိပေါ်က လော့ရန်ဇာတိသားလေး...။စီးပွားရေးအဆင်မပြေသည့်မိဘနှစ်ပါးရဲ့ နေ့စဉ်နဲ့အမျှ ရန်ဖြစ်စကားများတွေကြားမှာ ကြီးပြင်းခဲ့ရသည်။မေမေက အလောင်းကစားဝါသနာကြီးသူမို့ စက်ရုံမှာအလုပ်လုပ်ရတဲ့ ဖေဖေရှာသမျှက အရာမထင်။အလောင်းကစားအကြွေးတွေထဲ နစ်မှန်းမသိနစ်လာခဲ့တော့ ရိပေါ်တို့နေတဲ့ အိမ်နဲ့ခြံလဲ အပေါင်ဆူံးသွားခဲ့ရကာ အိမ်ငှားဘဝနဲ့နေခဲ့ရသည်။

နှစ်ဖက်မိဘ‌တွေ သဘောမတူသည့်ကြားက ခိုးပြေးခဲ့ကြပြီး သူဌေးသမီးဖြစ်ခဲ့တဲ့ မေမေက ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်တာလား...ဒါမှမဟုတ် သူမစိတ်ကြိုက်သုံးဖြုန်းလို့ရအောင် ငွေရှာပေးနိုင်မဲ့သူကိုပဲ တွေ့ခဲ့လို့လားမသိ။ဖေဖေနဲ့သူ့ကိုထားခဲ့ကာ နောက်အိမ်ထောင်ထူလိုက်သည့် မေမေကြောင့် ဖေဖေလဲ အရက်သမားကြီးလူံးလုံးဖြစ်ခဲ့ရသည်။

ပေကျင်းက ဖေဖေ့အစ်မရှိရာ အိမ်ကို ရိပေါ်၁၀နှစ်သားမှာပဲ ဖေဖေက လက်ဆွဲပြီးပြန်ခဲ့သည်။ကြီးမေကတော့ သူ့မောင်နဲ့တူလေးကို ဂရုဏာသက်စွာ ကြိုဆိုခဲ့ပေမဲ့ လေးလေးကျင်းယီစုန့်ကတော့ ဘာသိဘာသာ...ကြိုဆိူတာလဲမဟုတ်သလို သူတို့လာနေကြတာကို မကြည်ဖြူတာလဲ မဟုတ်။

ရိပေါ်တို့သားအဖ ကြီးမေတို့အိမ်ကိုရောက်ခဲ့ကြပြီး သူတို့ဘဝလေးအဆင်ပြေပြေအေးအေးချမ်းချမ်းရှ်ိခဲ့ကြသည်။‌ မေမေနဲ့ယူလို့ စိတ်ဆိုးပြီး မခေါ်မပြောနေခဲ့ကာ အဆက်သွယ်ပြတ်နေတာ ကြာပြီဖြစ်တဲ့ ဘိုးဘိုးဝမ်ကိုလဲ ဖေဖေက တောင်းပန်ခဲ့ပြီး ဘိုးဘိုးတို့သားအဖချင်းပြေလည်မှုရခဲ့သည်။

ဒါပေမဲ့ အေးချမ်းမှုလေးက သိပ်မကြာလိုက်ပါ။အရက်ရဲ့ကျေးကျွန်ဖြစ်နေတဲ့ဖေဖေက ကျန်းမာရေးမကောင်းတော့ဘဲ အိပ်ယာထဲလဲသွားသည်။ကြီး‌မေတို့က ဖေဖေ့ကိုဆေးကုပေးခဲ့ကြပေမဲ့  အရက်နဲ့စိတ်ပန်းလူပန်းဒဏ်တွေကြောင့်ပဲ ဒီကိုရောက်ပြီးတနှစ်အကြာမှာ ကွယ်လွန်ခဲ့ရှာသည်။

အဲ့နောက်မှာတော့ ကြီးမေတို့က မျက်စိသူငယ်နားသူငယ်နဲ့ကျန်ခဲ့တဲ့ ရိပေါ်ကိုမွေးစားခဲ့ကာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးခဲ့ကြသည်။ဘိုးဘိုးက လာခေါ်ပေမဲ့ ကြီးမေနဲ့‌လေးလေးက ထည့်မပေးလိုက်ဘဲ သူတို့သားသမီးနှစ်ယောက်နဲ့တန်းတူ ရိပေါ်ကိုချစ်‌ပေးခဲ့သည်။ကြီး‌မေတို့က အိမ်အလုပ်တွေကို ဘာမှမလုပ်ခိုင်းသော်လဲ ရိပေါ်အလိုက်တသိနဲ့ဝိုင်းကူပေးခဲ့သည်။

မောင့်ဘဝရဲ့လမင်းသခင်Where stories live. Discover now