"ဂုဏ်ယူပါတယ်"

သူတို့အရင်တစ်ခါလာတုန်းက ယန်ကျိ ရဲ့ တုရှန်း အပေါ်မနှစ်သက်ပုံက အလွန်အမင်းသိသာနေခဲ့တယ်။ဒါပေမဲ့အခုတော့ ယန်ကျိ မျက်လုံးထဲမှာ တုရှန်း ရှိနေတာကိုမြင်ရပြီး အန်ကယ် လုလီ က တုရှန်း အစားဝမ်းသာနေမိတယ်။

တုရှန်း လည်း သူဒီတစ်ခေါက်လာရတဲ့ အဓိကအကြောင်းအရင်းကိုပြောပြလိုက်တယ်။လုလီ က စက်ရုပ်ကို စစ်ဆေးခန်းထဲခေါ်သွားပေးဖို့ညွှန်ကြားလိုက်ပြီး ယန်ကျိ လည်း လိုက်ဖို့ပြင်နေချိန် လုလီ က တားလိုက်တယ်။

"အဲ့မှာ အိုမီဂါတွေကြီးပဲ။ အဲ့ကိုလိုက်ဖို့မသင့်တော်ပါဘူး"

အဲ့လိုနဲ့ ယန်ကျိ တစ်ယောက် တုရှန်း လက်ကိုဖြစ်ညှစ်ရင်း

"ကိုယ်ဒီမှာပဲ မင်းကိုစောင့်နေမယ်"

တုရှန်း အဝေးကိုထွက်သွားတဲ့စက်ရုပ်နောက်လိုက်သွားရင်း "အမ်း" လို့ပြန်ဖြေလာတယ်။ယန်ကျိ ခုံတန်းလေးပေါ်ထိုင်လိုက်ပြီး တာမီနယ်ကိုဖွင့်လိုက်တယ်။လုလီ ရဲ့ နောက်လူနာချိန်းဆိုထားတဲ့အချိန်က နောက်တစ်နာရီမှစမှာဖြစ်တာကြောင့် သူ ယန်ကျိ ကိုပြောလိုက်တယ်။

"မင်းသား ‌ ရှောင်ရှန်း နဲ့ဆက်ဆံရေးကောင်းရဲ့လား"

ယန်ကျိ တာမီနယ်ကိုချလိုက်ပြီး မတ်မတ်ထိုင်လိုက်ပြီး လုလီ ကိုကြည့်ကာ

"ကျွန်တော် သူ့ကိုကြိုက်တယ်။  ပြီးတော့ သူလည်း ကျွန်တော့်ကိုကြိုက်တယ်"

လုလီ ခဏတော့ကြောင်အသွားတယ်။ ယန်ကျိ က အဲ့လောက်အထိ ဒဲ့တိုးပြောဆိုတတ်မယ်လို့သူမထင်ထားဘူး။ရှောင်ရှန်း ဒီမှာမရှိလို့များလား။ဒါပေမဲ့လည်း လင်နဲ့မယားရဲ့ဒီလိုပုံစံက အကောင်းဆုံးပင်။

"ရှောင်ရှန်း က ငယ်ငယ်တည်းကသူ့ကျန်းမာရေးကြောင့် အမြဲလိုလို အနိုင်ကျင့်ခံခဲ့တယ်။သူ မင်းသားနဲ့တွေ့တာ အရမ်းကံကောင်းတာပဲ။သူက ကောင်းတဲ့ကလေးလေးပါ။ မင်းသားသူ့ကိုချစ်မြတ်နိုးပေးပါ"

လုလီ အနေနဲ့ တုရှန်း ကြီးပြင်းလာတာကို တုမိသားစုမှာ တည်းကမြင်လာခဲ့ရတာဖြစ်တယ်။တုရှန်း က ကလေးဘဝတည်းက မပျော်ခဲ့ရပေ။ နောက်ပိုင်း တုရှောင် မွေးလာမှသာ အဆင်ပြေလာခဲ့တာဖြစ်တယ်။အဲ့မတိုင်ခင်က တုချိ ရဲ့လက်အောက်ငယ်သားတွေရဲ့ အနိုင်ကျင့် လှောင်ပြောင်တာတွေကိုခံခဲ့ရတယ်။အခုဆို တုရှန်း က တုမိသားစုကခွဲထွက်နိုင်ခဲ့ရုံတင်မကဘဲ ယန်ကျိ ပါရှိလို့နေခဲ့ပြီဖြစ်တယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now