တုရှန်း ကတော့ နောက်ဆုံးတစ်ခေါက်က  ဆေးရုံရောက်ခဲ့တုန်းကအကြောင်းကို တွေးနေမိတယ်။အဲ့တုန်းက ယန်ကျိ ကသူ့ကိုမကြိုက်သေးဘူး။ထိုသူက ကလေးလည်းမလိုချင်သလို အမှတ်အသားလည်း မပေးချင်ခဲ့ဘူး။အခုတော့ အခြေအနေတွေကမတူတော့။ယန်ကျိ ခြေထောက်က ထပ်ပြီး မသန်မစွမ်းမဟုတ်တော့သလို သူတို့နှစ်ယောက်ကလည်း အချင်းချင်းချစ်မြတ်နိုးနေပြီး ဒီလိုအခြေအနေမျိုးက သူ့ကို ထူးခြားတဲ့ကံတရားကို ခံစားရစေတယ်။

ယန်ကျိ လည်းပဲ သူအရင်က ဘယ်လိုပုံစံဖြစ်ခဲ့ဖူးလည်းဆိုတာကို တွေးနေမိပြီး သူ တုရှန်း ကို တာဝန်မကင်းတဲ့အကြည့်နဲ့ကြည့်လိုက်မိတယ်။တုရှန်း က ထိုအကြည့်ကိုသတိထားမိသွားပြီး

"အရှင့်သား.... ကျွန်တော်တို့နောက်ဆုံးဒီကိုရောက်လာခဲ့တုန်းကဟာကို သတိရသေးလား"

ယန်ကျိ ရင်တုန်နေပြီး တုရှန်း တစ်ယောက် စာရင်းရှင်းမလို့လားဆိုပြီး တွေးနေမိတယ်။ပြောရမယ်ဆိုရင် သူ့သဘောထားက အဲ့ဒီအချိန်တုန်းက တုရှန်း အပေါ်မှာသိပ်မကောင်းခဲ့ပေ။ အထူးသဖြင့် တုရှန်း  က အရမ်းကြောက်ဖို့ကောင်းပြီး သူအလိုချင်ဆုံးက သူ့ကို တုရှန်းတပ်မက်နေတဲ့ အဲ့လိုအကြည့်မျိုးနဲ့မကြည့်ဖို့ဆိုပေမဲ့ အခုတော့ အဲ့လို အကြည့်တွေက သူ့ခန္ဓာကိုယ်ကိုရပြီးတည်းက နည်းပါးသွားလိုက်တာဆိုတာ အကြိမ်တိုင်း သူကပြင်းပြင်းထန်ထန်ကို ငြင်းဆန်နေတော့တာပဲ။ပြောခါမှ တုရှန်း ကအတော်လေးတကိုယ်ကောင်းဆန်တာပဲ...

တွေးရင်းတွေးရင်း ယန်ကျိ အားနာစိတ်တွေမရှိတော့ပဲ ပြန်ပြောလိုက်တယ်။

"မှတ်မိတယ်"

တုရှန်း က ပြုံးကာ ယန်ကျိ လက်ကိုယူလိုက်ပြီး

"ကျွန်တော်က အရှင့်သား မေ့နေပြီထင်တာ"

"ဘယ်လိုလုပ်ဖြစ်ရမှာလဲ"

သူ တုရှန်း နဲ့ပတ်သက်ပြီး အကုန်မှတ်မိနိုင်တယ်...

တုရှန်း ဘာမှမပြောဘဲ လုလီ ရဲ့ကုသခန်းထဲကို ယန်ကျိ နဲ့အတူဝင်သွားတယ်။လုလီ က သူတို့ကိုမြင်တော့အပြုံးလေးနဲ့ နူတ်ဆက်လာကာ တုရှန်းကိုပြောလာတယ်

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)حيث تعيش القصص. اكتشف الآن