"ကျွန်တော် အချိန်ရတဲ့အခါကျ ကလေးတွေကြည့်ဖို့လာခဲ့ဦးမယ်"

တုရှန်း ရယ်မောကာ လောင်ထန်း ကို ပြောလိုက်တယ်။

"အင်း"

သူတို့က ရေသာခိုတတ်တဲ့သူတွေမဟုတ်တာကြောင့် တုရှန်း လည်း စကားပြောလို့ပြီးတာနဲ့ လောင်ထန်း ရုံးခန်းကနေထွက်သွားတယ်။တံခါးပိတ်ပြီးသွားတဲ့နောက် လောင်ထန်း လိုက်ကာကိုဆွဲချလိုက်ပြီး နာကြင်နေတဲ့ခေါင်းကို ပွေ့ဖက်ထားမိတယ်။

သူ တုန်ဖန့်ရှောင် အိမ်ကိုပြန်ရောက်သွားပေမဲ့ နောက်ရက်မှာ တုန်ဖန့်ရှောင် က သူ့ရဲ့အယ်လ်ဖာကလေးလေးကို အတင်းခေါ်ဆောင်သွားတယ်။ဘာကြောင့်လဲဆိုတော့ တုန်ဖန့်ရှောင် မိသားစုမှာ ဆက်ခံသူကိုငယ်စဥ်တည်းက လေ့ကျင့်ပေးလေ့ရှိတာကြောင့်ဖြစ်တယ်။သူက ကလေးလေးပဲရှိသေးတဲ့အပြင် လောင်ထန်း မှာ အခုထက်ထိနာမည်လေးတောင် မပေးရသေးပေ။

ထိုကိစ္စတွေကြောင့်ပဲ သူပိုသောကရောက်နေခဲ့ပေမဲ့ တုန်ဖန့်ရှောင် ကတော့ ကလေးကိုပြန်မပေးဘဲ တစ်လမှာတစ်ခါသာတွေ့ခွင့်ပေးမယ်သာ ပြောလာတယ်။သူ့မှာ သူ့ကလေးကိုတောင်ကြည့်ခွင့်မရှိဘူးတဲ့လား။ ဘယ်လိုတောင် ရယ်စရာကောင်းလိုက်သလဲ။

လောင်ထန်း အနေနဲ့ တုန်ဖန့်ရှောင် နဲ့ ရန်ဖြစ်ချင်ခဲ့ပေမဲ့ သူကအားနည်းတဲ့ဘီတာဖြစ်နေတယ်။

ရှင်းရှင်း လေး ကတော့ အရမ်းထူးဆန်းတယ်။  စိတ်အနှောက်အယှက်လည်းမပေးသလို အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်လေးအိပ်တယ်။နှစ်ခါလောက်ငိုသံပြလာရင် သူဗိုက်ဆာနေလို့ပဲဖြစ်ပြီး ရှင်းရှင်း လေး ရဲ့ ဖြစ်တည်မှုက လောင်ထန်း အတွက်တော့ ပူပန်စိတ်နည်းစေတယ်။လောင်ထန်း အနေနဲ့ သူလေးတွေကို ကိုယ်တိုင်ပြုစုပေးချင်တယ်။  သူ့ကိုယ်သူလည်း ပြန်ထူထောင်နိုင်ချင်တယ်။အယ်လ်ဖာပေါက်စလေးကို ပြန်လုယူနိုင်မဲ့အထိ သူရပ်လို့မရ။တုန်ဖန့်ရှောင် ကို သူအနိုင်ရမဲ့နည်းတစ်ခုက သူပိုသန်မာလာဖို့ပဲရှိတယ်။

တစ်နေ့တာရဲ့အလုပ်တွေပြီးသွားတဲ့နောက်မှာတော့ တုရှန်း အိမ်ပြန်ဖို့ကို ပြင်တော့တယ်။သူပြန်ဖို့ပြင်ချိန်အထိ လောင်ထန်း တစ်ယောက်မပြန်သေးတာကြောင့် နည်းနည်းတော့ထူးဆန်းနေမိတယ်။  လောင်ထန်း က Star Diamond ကို ထပ်တိုးချဲ့ချင်လို့ ဒီလောက်နောက်ကျတဲ့အထိ လုပ်နေတာများလား။ဒါကြောင့် မြို့တော်ကအော်ဒါတွေပိုပိုရဖို့ လောင်ထန်းသုတေသနအသင်းကို တာဝန်တွေအများကြီး ချပေးထားတာပဲနေမယ်။

အမှတ်အသားပေးရမဲ့ Omega က ငါ့ထက်အသက်ကြီးနေတယ်(Myanmar Translation)Where stories live. Discover now