EP(1)

139 14 2
                                    



"ငါတို့ခိုးပြေးရအောင် ဆွန်မင်း"

အထက်တန်းတောင်မပြီးသေးပါဘဲ ခိုးပြေးဖို့အကြောင်းတွေလာပြောနေတဲ့ဟျွန်ဂျင်း။
သူတို့ချစ်သူဖြစ်တာပင်မကြာသေးဘူးမလား။ ဒီအထက်တန်းနောက်ဆုံးနှစ်မှ ဖြစ်ကြတာလေ။

"လာနောက်နေတာလား"

"ငါတစ်ကယ်ပြောနေတာဆွန်မင်း အခုငါတို့ခိုးမပြေးရင် နောက်ဘယ်တော့မှပြန်ဆုံတွေ့ဖို့မဖြစ်နိုင်တော့ဘူး"

"ဘာလို့လည်း"

"မာမီကမင်းနဲ့ငါချစ်သူဖြစ်နေကြတာကိုသိသွားပြီ ငါအထက်တန်းစာမေးပွဲဖြေပြီးတာနဲ့ သူ့မိတ်ဆွေရဲ့သမီးနဲ့စေ့စပ်ပေးပြီး ငါ့ကိုနိုင်ငံခြားလွှတ်တော့မှာ ငါမင်းနဲ့မခွဲနိုင်ဘူးဆွန်မင်းရယ် အဲ့တာကြောင့်ထွက်ပြေးရအောင်"

အထက်တန်းတောင်မပြီးပါသေးဘဲ ဘယ်လိုလုပ်နှစ်ယောက်ဘဝတည်ဆောက်လို့ရမှာလဲ။
နဂိုကတည်းကဆင်းရဲတဲ့မိသားစုကဆင်းသက်လာတဲ့ သူ့အတွက်ကကြုံရာကျပမ်းလုပ်စားလို့ဖြစ်တယ်ဆိုပေမယ့် သူချစ်တဲ့ဟျွန်ဂျင်းကအဲ့လိုတွေလုပ်နိုင်တဲ့လူသားမှမဟုတ်တာ။

မွေးကတည်းက ရွှေလင်ဗန်းနဲ့အချင်းဆင်းလာခဲ့တဲ့ မိသားစုအသိုင်းဝိုင်းကြီးကဆင်းသက်လာတဲ့ဟျွန်ဂျင်းကို သူ့လိုဘာမှမရှိတဲ့လူရဲ့ဘဝထဲကို ဆွဲမခေါ်ရက်ပေ။

"ဒါပေမယ့် ငါတို့ကအထက်တန်းတောင်မပြီးသေးဘူးလေ ခိုးပြေးလိုက်ပြီဘဲထားဦး ငါတို့ဘာလုပ်စားကြမှာလဲ။ အလုပ်လုပ်မယ်ထားဦး ဘယ်မှာသွားလုပ်ရမှာလဲ။ အထက်တန်းကျောင်းသားတစ်ယောက်ကို ဘယ်အလုပ်ရှင်တွေက အလုပ်ပေးမှာလဲဟျွန်ဂျင်းရဲ့"

"အဲ့တာဆို ငါတို့ဒီအတိုင်းဘဲဝေးကြမယ့်လမ်းကိုမင်းရွေးမှာလားဆွန်မင်း"

ပြိုကျတော့မယ့်မိုးတိမ်တွေလို
ဖြစ်နေတဲ့ချစ်ရသူကြောင့် ဆွန်မင်းမှာ ဆောက်တည်ရာမဲ့ခဲ့ရသည်။

"အဲ့လိုလည်းမဟုတ်ဘူးလေဟျွန်ဂျင်းရဲ့ ငါတို့အကောင်းဆုံးနည်းလမ်းရှာတွေ့မှာပါ အေးဆေးစဥ်းစားကြတာပေါ့ ကျောင်းပြီးဖို့လည်းလိုသေးတယ်လေကွာ"

For You(Hyunmin MM)On viuen les histories. Descobreix ara