Arc-7.16(end)

324 32 11
                                    


ဆာယုဂီမိဘတွေစိုးရိမ်တဲ့အတိုင်း ပြသာနာတစ်ခုဖြစ်လာခဲ့တယ်..ထိုပြသာနာဟာဆာယုဂီနဲ့ကျောင်းသားလေးတစ်ယောက် ခေါင်မိုးထပ်မှာချိန်းတွေ့တယ်ဆိုတဲ့ သတင်းလိုင်းပေါ်ရောက်သွားခဲ့။ ကံကောင်းချင်တော့တင်တဲ့သူဟာ ကိုးရိုရဲ့မျက်နှာကိုဝါးထားခဲ့တယ်...

ဆာယုဂီဟာကျောင်းမှာကျောင်းသားတစ်ဦးနဲ့ ပလူးပလဲနေတယ်ဆိုပြီးတိုင်ကြတော့သည်။ ထိုကျောင်းသားကဘယ်သူလည်းဆိုတာ တင်တဲ့သူကလွဲရင်မည်သူမှမသိပေ။ တင်တဲ့သူဟာဆာယုဂီကိုပဲထိခိုက်အောင်လုပ်ချင်လို့ တင်တာဖြစ်တယ်..ကိုးရိုဟာဘယ်သူတင်လည်းဆိုတာရှောင်ပိုင်ကို စုံစမ်းခိုင်းလိုက်တယ်..ဆာယုဂီကိုမနာလိုတဲ့ဆရာတစ်ယောက်လုပ်တာလည်းသိရော ဆာယုဂီကိုသွားပြောပြခဲ့။

ဆာယုဂီဟာအစထဲကဆရာရာထူးနေရာကနေ ထွက်ဖို့ပြင်ဆင်နေခဲ့တာဖြစ်တယ်...ကျောင်းအုပ်ကြီးသူ့ကိုဆရာရာထူးကနေထုတ်ပယ်ရော အေးအေးလူလူနဲ့ထွက်လိုက်တယ်..ဒါပေမဲ့သူ့ကိုဂျောက်ချတဲ့ဆရာကိုတော့ ပြသာနာရှာလိုက်သေးသည်။ ထိုဆရာရဲ့မကောင်းတဲ့ကိစ္စတွေအားလုံး လိုင်းပေါ်တင်လိုက်တယ်..ထိုဆရာဟာကျောင်းသူလေးများကိုလိုက်ထိတာမျိုး၊ မိန်းကလေးအိမ်သာထဲဝင်တာမျိုး၊ လာဘ်ထိုးသမျှကိုယူတာမျိုး စသည်ကိစ္စများကိုဆာယုဂီဖော်ထုတ်လိုက်တယ်..

ဆာယုဂီထို့သို့လုပ်လိုက်တဲ့အတွက် ထိုဆရာအရှက်တွေကွဲကုန်သည်။ ရဲများကလည်းရောက်လာပြီးထိုဆရာကို ဖမ်းဆီးလိုက်တယ်...ထိုဆရာကတော့ဆာယုဂီနဲ့ကိုးရိုတွဲနေတာဆိုပြီး အော်ကြီးဟစ်ကျယ်ပြောနေခဲ့။ ကိုးရိုဟာအပြစ်ကင်းစင်လှတဲ့မျက်နှာနဲ့ မတရားစွပ်စွဲခံရတဲ့ ပုံစံလည်းလုပ်ပြရော ထိုဆရာကိုအားလုံးပိုပြီးကြည့်မရဖြစ်သွားခဲ့။

ကိုးရိုအေးတယ်ဆိုတာသူတို့အသိဖြစ်တာကြောင့် ကိုးရိုအဲ့လိုလူမျိုးဆိုတာမဟုတ်ဘူးလို့ အားလုံးကထင်နေခဲ့တယ်..သိနေတဲ့မုရီနဲ့ရှီဂီကတော့ဟန်ဆောင်ကောင်းလှတဲ့ ကိုးရိုကိုစိတ်ထဲနေ လက်မအကြီးကြီးထောင်ပြနေခဲ့တယ်..ဆာယုဂီနဲ့ချိန်းတွေ့နေတဲ့ကျောင်းသားလေးကဘယ်သူလည်းလို့ အစပိုင်းသူတို့စိတ်ဝင်စားနေပေမဲ့ ကြာလာတော့ထိုကိစ္စကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့တယ်..

villain boss(s-3)Where stories live. Discover now