Arc-5.15(end)

640 62 12
                                    

ဂရမ်နစ်ဟာအောတစ်ခ်ကိုတံတွေးနဲ့ထွေးလည်းပြီးရော..

" ခင်ဗျားကတန်လို့လား.."

" မင်းအတင့်ရဲလိုက်တာငါကဘုရင်တစ်ပါးနော်.."

" ဘုရင်..အော်..ဘုရင်တစ်ပါးကိုကြောက်လိုက်တာနော်...ခင်ဗျားကဘုရင်တစ်ပါးလို့ပြောရအောင် ဘယ်သူတွေကခင်ဗျားကိုထောက်ခံနေလို့လည်း.."

" ဒီမှာရှိတဲ့သူတွေအားလုံးကငါ့ကိုထောက်ခံကြတယ်..ငါကအဖေ့ရဲ့အချစ်ဆုံးသားပဲငါထီးနန်းမဆက်ခံရင်ဘယ်သူဆက်မခံမှာလည်း.."

" အော်..ထောက်ခံကြတာကို..ခင်ဗျားတို့ကျွန်တော်မေးမယ်သူဘုရင်လုပ်ဖို့ကို ခင်ဗျားတို့ထောက်ခံလား.."

"..."
ဂရမ်နစ်ဟာအမတ်တွေနဲ့ ရဲမက်တွေကိုမေးလိုက်တာဖြစ်သည်။ မည်သူကမှထောက်ခံတယ်ဆိုတဲ့စကားမထွက်လာပေ။ မထွက်လာတဲ့အပြင်အောတစ်(ခ်)ကိုတောင်မကြည့်ကြ။ အောတစ်(ခ်)ဟာသူ့ဘက်ကိုမပါပဲနေကြတဲ့သူတွေကိုဒေါသတကြီးနဲ့..

" ခင်ဗျားတို့ဘာစောက်ချိုးချိုးနေတာလည်း..ငါ့ကိုထောက်ခံတဲ့ဆိုတဲ့စကားဘာလို့မပြောကြတာလည်းပြောကြလေ.."
အောတစ်(ခ်)ပြောလိုက်ရော ရဲမက်ငယ်လေးတစ်ယောက်ဟာ..

" ခင်ဗျားကိုဘုရင်ဖြစ်ဖို့ခွင့်မပြုနိုင်ဘူး..."
ထိုကောင်လေးပြောလိုက်ရောအားလုံးရဲ့အကြည့် သူ့ဆီရောက်သွားတော့သည်။ ကောင်လေးဟာအဲ့အကြည့်ကြောင့် ဆက်မပြောရဲဖြစ်သွားခဲ့။ သို့ပေမဲ့အားတင်းထားလိုက်ပြီး..

" အိမ်ရှေ့စံမင်းသားဖြစ်တုန်းကလက်အောက်ငယ်သားတွေရဲ့ အသက်ကိုအလေးမထားဘူး..နောက်ပြီးကျွန်တော်တို့ရဲမက်တွေရဲ့အသက်ကို ဆော့ကစားတယ်...ပြည်သူတွေကိုလည်းအရေးမပေးဘူး..ကျွန်တော်ထောက်မခံဘူးခင်ဗျားဘုရင်ဖြစ်ဖို့ကို.."

ထိုရဲမက်ငယ်လေးလည်းပြောရော တစ်ခြားရဲမက်တွေဟာသူတို့ခံစားရတာတွေကိုပြောပြီး ထောက်မခံတဲ့အကြောင်းပြောတော့သည်။ အောတစ်(ခ်)ဟာထိုသူတွေကြောင့်ဒေါသတွေထွက်လာပြီး အစွမ်းနဲ့သတ်ဖို့လုပ်တယ်..ကံကောင်းချင်တော့စတားဗစ်(ခ်)နဲ့သူ့ရဲ့ရဲမက်တွေ ဝင်ကူညီလိုက်လို့သူတို့ဘာမှမဖြစ်သွား..အောတစ်(ခ်)ကတော့ဒေါသထွက်တာမရပ်သေးပေ။ အဲ့အချိန်မှာပဲဘယ်ကမှန်းမသိရောက်ချလာတဲ့ ကျားတစ်ကောင်ကြောင့်အောတစ်(ခ်)အကိုက်ခံလိုက်ရတော့သည်။

villain boss(s-3)Where stories live. Discover now