Arc-5.1

946 81 2
                                    

( ကဲအပေါ်ကတစ်ယောက်ကတော့ကိုယ်တွေရဲ့အသဲတုံး ဂရမ်နစ်ပါ)

ညအချိန်အခါ၌တောအနက်ကြီးတစ်ခုထဲတွင်အမဲရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာကိုပါဝါအမဲနဲ့ဖုံးအုပ်ထားတဲ့လူတစ်စုရှိလေသည်။ ထိုလူတွေဟာတစ်စုံတစ်ခုကိုရှာဖွေနေကြတာဖြစ်တယ်..အဲ့လူတစ်စုထဲ၌ခေါင်းဆောင်ဆိုတဲ့တစ်ယောက်ဟာ...

" မင်းတို့ရှာမတွေ့သေးဘူးလား.."

" တောင်းပန်ပါတယ်ခေါင်းဆောင်အဲ့လူကိုမျက်ခြေပျက်သွားတယ်.."

" ဘာပဲဖြစ်ဖြစ်အဲ့တစ်ယောက်ငါ့ရဲ့အဆိပ်ကို မိသွားတယ်ဆိုတော့သေရမှာပဲ သူမေးရင်အဆိပ်မိပြီးသေပြီးလို့ အလောင်းကိုတော့တစ်ခါထဲမီးရှို့လိုက်ပြီလို့ပြောကြ ကြားလား..."

" ဟုတ်ကဲ့..."
နောက်တော့ထိုလူတစ်စုသည်ထိုနေရာကနေထွက်သွားတော့သည်။ သူတို့ထွက်သွားပြီးမကြာခင်မှာပဲသူတို့နေခဲ့တဲ့ ဘေးနားကသစ်ပင်ကြီးပေါ်ကနေလူတစ်ယောက်ပြုတ်ကျလာခဲ့တယ်..ထိုသူရဲ့ကိုယ်မှာဒဏ်ရာများစွာရှိသည်။ မျက်နှာဟာလည်းသွေးမရှိသလိုဖြူဖွေးနေသည်။ နောက်တော့အံကြိတ်ကာ သစ်ပင်အောက်မှာထိုင်ချလိုက်ပြီး အသက်ကိုမရမကရူနေတော့တယ်..

" ရှောင်ပိုင်ထွက်လာခဲ့ ဘယ်မှာသေနေတာလည်း..."

' မသေပါဘူး bossရယ် လကအရမ်းလှလို့ကြည့်နေတာပါ..'

" ဒါဆိုရင်ငါ့မှာလှတဲ့အရာတစ်ခုရှိတယ်မင်းကြည့်မလား.."

' ဘာလည်း..'
သိချင်စိတ်ပြင်းပြနေတဲ့အကြည့်ဖြင့်...

" ရော့..ဒီမှာ... "
ဆိုပြီးထိုသူဟာသူ့ရဲ့လက်ခလယ်ကို ထောင်ပြလိုက်တယ်..

ရှောင်ပိုင်- =.=
ငါလေးဘာအမှားမှမလုပ်ထားပါဘူး..

" ဒီတစ်ခါရောဘယ်ကိုယ်ထဲရောက်ပြန်ပြီလည်း..ငါအေးအေးဆေးဆေးနေလို့ရမဲ့ကိုယ်လေးထဲထည့်ပေးလို့မရဘူးလား.."

' ကောင်းကင်နတ်သားကိုပြော သူကbossဝင်ရမဲ့နေရာကို တာဝန်ယူထားတာ..'

" ထားတော့ အခုငါဘယ်လိုလုပ်ရမှာလည်း.."

' စိတ်မပူပါနဲ့ bossရယ် ဒဏ်ရာတွေကိုပျောက်အောင်လုပ်ပေးမှာပေါ့..'
ဆိုပြီးရှောင်ပိုင်ဆိုတဲ့ကောင်လေးဟာ ဒဏ်ရာရနေတဲ့ကောင်လေးကိုနှစ်သိပ်ပေးပြီး ကုသပေးနေတော့တယ်...တကယ်တော့ဒဏ်ရာရနေတဲ့တစ်ယောက်ဟာ ဒီကမ်ဘာမှာတာဝန်လာထမ်းဆောင်ရတဲ့ ယန်ဆိုတဲ့သူဖြစ်သည်။ ရှောင်ပိုင်ဆိုတဲ့တစ်ယောက်ကတော့ ယန်ဆိုတဲ့တစ်ယောက်ကိုကူညီပေးနေရတဲ့သူဖြစ်တယ်...

villain boss(s-3)Where stories live. Discover now