Arc-5.12

602 69 19
                                    


အမတ်တစ်ယောက်ဟာစရန်တီနာကိုသူတို့တိုင်းပြည်မှာ ရှိနေစေချင်တဲ့အတွက်..

" ဘုရင်ကြီးကျွန်တော်မျိုးကတော့မိန်းကလေးစရန်တီနာကိုမိဘုရားနေရာထားဖို့ လက်သင့်ခံပါတယ်.."

ထိုအမတ်လည်းပြောရော တခြားသူတွေကလည်းသူတို့ထောက်ခံကြောင်းပြောတော့သည်။ စရန်တီနာဟာရှက်ရှက်နဲ့အောတစ်(ခ်)ရဲ့ရင်ခွင်ထဲဝင်လိုက်တော့သည်။ ထိုအခါလီခါဟာဒေါသတွေအသေထွက်သွားပြီး သူစိတ်ညို့ထားတဲ့သူတွေကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်..

စိတ်ညို့ထားတဲ့သူတွေဟာ အောတစ်(ခ်)ရဲ့မီးတောက်အောက်မှာပြာဖြစ်သွားတော့သည်။ သူ့မီးတောက်ကိုပြန်ရုတ်သိမ်းပြီး..

" မင်းဒီကသူတွေကိုစိတ်ထက်ညို့လို့မရတော့ဘူး..သူတို့တွေကဆေးရည်ကိုသောက်ထားတဲ့သူတွေ.."

" မြေခွေးမ..မင်းကတော်တော်ကောက်ကျစ်တဲ့သူပဲ..မင်းအစထဲဒီလိုဖြစ်အောင်လုပ်ထားတာပဲ ငါမင်းလောက်ရွံဖို့ကောင်းတဲ့သူကို မမြင်ဖူးသေးဘူး.."

လီခါထိုသို့လည်းပြောရော အမတ်တွေဝန်ကြီးတွေဟာသူတို့မိဘုရားကို ပြောလို့ဒေါသထွက်လာကြပြီး...

" အတင့်ရဲလိုက်တာမင်းလိုလောက်ကောင်ကများ ငါတို့မိဖုရားကိုပြောစရာလားကွ.."
တစ်ယောက်တစ်ပေါက်ဖြင့်လီခါကိုပြောနေကြသည်။ စရန်တီနာကတော့မတရားခံရတဲ့ပုံစံဟန်ဆောင်လေသည်။ အောတစ်ခ်ကလည်းသူ့ချစ်သူလေးကိုနှစ်သိပ်ပေးနေတော့တယ်..ဆာယူခရစ်(စ်)ကတော့ကြေကွဲဝမ်းနည်းတဲ့ အကြည့်တွေနဲ့သာကြည့်တော့တယ်..

လီခါဟာသူ့ကိုအမတ်တွေဘယ်လောက်ပဲ ပြောနေပါစေစိတ်ထဲတောင်မထား။ စရန်တီနာကိုနာကြီးစွာနဲ့သာကြည့်နေတော့တယ်..

" စရန်တီနာဟာမင်းကိုယ်မင်းဟုတ်လှပြီမထင်နဲ့ ဟိုလူနဲ့သာတွေ့ရင်မင်းရဲ့ဆေးရည်က အမှိုက်သာသာပဲ..."
လီခါယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်တဲ့စကားကြောင့် လန့်သွားခဲ့။ လီခါလိမ်ညာနေတဲ့ပုံစံမပေါ်တာကြောင့် အောတစ်(ခ်)ဟာ..

" မင်းဘာကိုပြောချင်တာလည်း.."

" ငါတစ်ယောက်ထဲညို့ယူနိုင်စွမ်းရှိတာမဟုတ်ဘူး..ငါ့ထက်အရမ်းတော်တဲ့ဆရာကြီးတစ်ယောက်ရှိသေးတယ်.."

villain boss(s-3)Where stories live. Discover now