Arc-3.2

1K 113 11
                                    

ယန်ဟာသူရောက်နေတဲ့ကမ်ဘာကအကြောင်းကို ဖတ်ပြီးရောသူဝင်နေတဲ့ကိုယ်ရဲ့အကြောင်းကိုဆက်ဖတ်လိုက်တယ်..ဇာတ်ကြောင်းထဲမှာရေသူထီးလေးအကြောင်း လုံးဝမပါတာကြောင့်သူတော်တော်လေး သိချင်နေခဲ့။

ယန်ဝင်နေတဲ့ကိုယ်ရဲ့နာမည်ဟာ ရှောင်ပိုင်ဖြစ်သည်။ ရေသူထီးချောလေးဆိုရင်မမှား။ သူသည်ကုန်းပေါ်ကအရာတွေကို သိချင်နေတဲ့စပ်စုလေးရေသူထီးဆိုရင်လည်း မမှား။ ရှောင်ပိုင်ဟာရေသူမျိုးနွယ်ရဲ့မင်းသားလေးတစ်ပါးဖြစ်သည်။ သူဟာမင်းသားတစ်ပါးဆိုပေမဲ့ အရေးမပေးခံရတဲ့မင်းသားလေးဖြစ်တယ်..ဘာလို့လည်းဆိုတော့ရှောင်ပိုင်ရဲ့အမေဟာသာမန်ရေသူမလေး ဖြစ်တာကြောင့်လည်းဆိုင်သည်။

ရှောင်ပိုင်ကိုမတော်တဆရလာရတာဖြစ်တယ်..ရှောင်ပိုင်ကိုမွေးပြီးပြီးချင်းသူ့အမေဟာ သေဆုံးသွားခဲ့။ ဘုရင်ကလည်းရှောင်ပိုင်ကသူ့သားဖြစ်တာကြောင့် နန်းတော်ထဲခေါ်ထားခဲ့ပေမဲ့ ဂရုမစိုက်။ တခြားမင်းသားတွေမင်းသမီးတွေကလည်း ရှောင်ပိုင်ကိုအမျိုးမျိုးနှိပ်စက်တယ်..ဒါပေမဲ့ရှောင်ပိုင်အသက်ကြီးလာလေလေ မင်းသမီးတွေဟာမနှိပ်စက်တော့ပေ။ ဘာလို့လည်းဆိုတော့အရမ်းချောနေတဲ့ရှောင်ပိုင်ကြောင့်ပေါ့။

ရှောင်ပိုင်ဟာနန်းသွေးပါတာကြောင့် အစွမ်းတစ်ချို့ကိုသုံးလို့ရသည်။ ရေသူထီး/ မတွေတိုင်းစွမ်းအားသုံးလို့မရ။ နန်းသွေးပါတဲ့သူတွေသာစွမ်းအားသုံးလို့ရတာဖြစ်သည်။ ရေနဲ့ပတ်သတ်တဲ့စွမ်းအားကိုသာသုံးတက်ကြတယ်..ဒါပေမဲ့ရှောင်ပိုင်ကျတော့မတူပေ။ သူကရေကိုသုံးတက်တဲ့အပြင် ဒဏ်ရာတစ်ချို့ကိုလည်းကုသနိုင်သည်။ ရှောင်ပိုင်သူ့မှာအဲ့အစွမ်းရှိတာကိုအသက်၁၃ လောက်မှသိလာခဲ့တယ်..

သူဘယ်သူ့ကိုမှအဲ့စွမ်းအားရှိတဲ့အကြောင်းမပြောပြ။ မင်းသမီးများစွာရောတခြားသာမန်ရေသူမလေးများကရော ရှောင်ပိုင်ကြိုက်လာအောင်အမျိုးမျိုးလုပ်ကြတယ်..အဲ့အချက်တွေကြောင့်မင်းသားတွေရောတခြားရေသူထီးတွေဟာ ရှောင်ပိုင်ကိုကြည့်မရကြ။ အမျိုးမျိုးအကောင့်ကြံကြတယ်...နန်းသွေးပါတဲ့ မင်းသားရေသူထီး ရေသူမတွေဟာအချင်းချင်းလက်ထက်လို့ရသည်။

villain boss(s-3)Where stories live. Discover now