Arc-7.5

417 43 27
                                    

မုရီဟာကုတင်ပေါ်မှာလဲလျှောင်းနေပေမဲ့ သူ့အကြည့်တွေကတော့အလုပ်ရှုပ်နေတဲ့ နှစ်ယောက်ကိုကြည့်နေတော့သည်။ တစ်ယောက်ဟာထမင်းဟင်းချက်ရင်းနဲ့ အလုပ်ရှုပ်နေပြီးနောက်တစ်ယောက်ကတော့ အခန်းထဲရှင်းလင်းနေတယ်..ထမင်းဟင်းချက်သူဟာကိုးရိုဖြစ်တယ်..ရှီဂီကတော့ထမင်းဟင်းမချက်တက်တာကြောင့် အိမ်ကိုသာရှင်းလင်းနေတာဖြစ်သည်။

လွန်ခဲ့တဲ့၁၅မိနစ်ခန့်က..ကိုးရိုနဲ့ရှီဂီရုတ်တရပ်ရောက်ချလာတဲ့အတွက် မုရီတစ်ယောက်အံသြသင့်သွားခဲ့တယ်..မုရီဖျားနေတာကြောင့်ကုတင်ပေါ်မှာသာလှဲလျှောင်းစေပြီး သူတို့ဘာသာလုပ်နေကြတာဖြစ်သည်။ နောက်ဆုံးတော့ကိုးရိုလည်းညစာအတွက် ချက်ပြုတ်လို့ပြီးသွားခဲ့တယ်..ရှီဂီကလည်းအကုန်လုံးလုပ်ပြီးသွားသည်။

ကိုးရိုနဲ့ရှီဂီဟာမုရီကိုခေါ်ပြီးညစာကိုသုံးယောက်သားအတူတူ စားနေခဲ့တယ်..

" ဝိုး...ကိုးရိုနင်ချက်တဲ့လက်ရာကအရမ်းကောင်းတာပဲ..မုရီငါပြောတာမှန်လား.."

" အင်း...တော်တော်လေးစားကောင်းတယ်.."

" စားကောင်းတယ်ဆိိုရင်များများစား..."

မုရီဟာစားနေရင်းနဲ့သူ့ရဲ့မျက်ရည်တွေပါးပြင်ပေါ်ကို ကျလာခဲ့တယ်..ထိုအချင်းအရာကိုကျန်တဲ့နှစ်ယောက်လုံးမြင်သွားပြီး လန့်သွားခဲ့။ ဘာများဖြစ်လို့လည်းဆိုပြီးနှစ်ယောက်သားမေးမြန်းကြတယ်..မုရီဟာခေါင်းသာခါပြပြီး သန့်စင်ခန်းထဲကိုဝင်သွားတော့သည်။

ကိုးရိုကတော့မုရီဘာဖြစ်သွားတာလည်းအနည်းငယ်တော့ ရိပ်မိလိုက်တယ်..ဒါပေမဲ့ရှီဂီကတော့ဘာဖြစ်သွားတာလည်းဆိုတာမသိပေ။ ဒါကြောင့်ကိုးရိုဟာ..

" ရှီဂီ..ငါတို့နှစ်ယောက်မှာဂရုစိုက်ပြီးချစ်ပေးမဲ့သူတွေရှိတယ်..ဒါပေမဲ့သူ့မှာတော့မရှိဘူးအခုငါတို့ပေးလိုက်တဲ့ နွေးထွေးမူ့ကြောင့်သူငိုနေတာ.."

" နွေးထွေးမူ့..နင်ပြောတာငါမရှင်းဘူး..."

" ငါပြောချင်တာမင်းဆီမှာမင်းကိုဂရုစိုက်ပေးမယ် အမေနဲ့အဖေရှိသလိုမင်းကိုအရမ်းချစ်ပေးတဲ့ဆွေမျိုးတွေရှိတယ်..ငါ့မှာကငါ့မိသားစုဆိုလို့အမေတစ်ယောက်ပဲရှိတာ..ဘာဆွေမျိုးမှမရှိဘူး..ငါ့အမေပဲရှိလို့ငါအထီးကျန်လားဆိုတော့လည်းမကျန်ဘူး..ငါ့အမေကငါ့ကိုအမြဲတမ်းဂရုစိုက်ပေးတော့ ငါ့ဘဝကစိုပြေတယ်..

villain boss(s-3)Where stories live. Discover now