Arc-1.8

1.6K 150 10
                                    

မြောင်ဟီးဒုံးကားထဲမဝင်ခင်သူ့လက်အောက်ငယ်သားနဲ့အချိန်အတော်ကြာတဲ့အထိ စကားတွေပြောနေခဲ့တယ်...

' ရှောင်ပိုင်ဒါဆိုရင်မြောင်ဟီးဒုံး ပြန်သတိရသွားပြီပေါ့..'

' boss ဆီကနေထွက်သွားတယ်ဆိုထဲက သူသတိပြန်ရလို့ပေါ့ဗျ.. '

' အော်..ဒါနဲ့ဘယ်အချိန်စမှာလည်းရှောင်ကျန့်..'

' အခုပဲ..'
လို့ရှောင်ကျန့်ပြောပြီးတာနဲ့ လက်ဖြောင့်တစ်ချက်တီးလိုက်တော့သည်။ ရှောင်ကျန့်တီးလိုက်တာနဲ့ အိုမန်ဆိုးနဲ့ရှောင်ပိုင်ကလွဲရင်ကျန်တဲ့သူတွေ အကုန်လဲကျသွားတော့သည်။ အိုမန်ဆိုးနဲ့ရှောင်ပိုင်ဟာရှောင်ကျန့်ကိုကြည့်ပြီးလက်ခုတ်တွေထတီးပေးတော့သည်။ ရှောင်ကျန့်ကတော့မျက်ခုံးတစ်ချက်ပင့်ပြလိုက်ပြီး မြောင်ဟီးဒုံးရှိတဲ့ဘက်ကိုလျှောက်သွားတော့တယ်..

ကျန်တဲ့နှစ်ယောက်ကလည်းပြေးလိုက်သွားလေတယ်..ရှောင်ကျန့်ဟာသူ့အစွမ်းဖြင့်မြောင်ဟီးဒုံးကိုလေပေါ်မှာ ဝဲပျံသွားအောင်လုပ်လိုက်ပြီး အိုမန်ဆိုးရဲ့ကားပေါ်သို့တစ်ခါတည်းသာတင်ပေးလိုက်သည်။ ရှောင်ကျန့်ဟာရှောင်ပိုင်လိုပဲသူ့ကိုမြှောက်ပေးရင် အဆုံးထိကိုကူညီပေးတယ်..ဒါကြောင့်လည်းရှောင်ပိုင်နဲ့အိုမန်ဆိုးတို့ဟာ တမင်သတ်သတ်ကိုမြှောက်ပေးနေကြတာဖြစ်သည်။

' ယန် နောက်နှစ်နာရီကျရင်သူနိုးလာလိမ်မယ် နှစ်နာရီအတော်အတွင်းတော့ မင်းပြင်ဆင်သင့်တာပြင်ဆင်ထား..'

' ok ကျေးဇူးပဲရှောင်ကျန့်..'

' ရပါတယ်..အယ်အယ်..ရှောင်ပိုင်မင်းဘာလိုက်လုပ်မလို့လည်း..'
အိုမန်ဆိုးကားထဲကိုဝင်ဖို့လုပ်နေတဲ့ ရှောင်ပိုင်ကိုဂုတ်ကနေကိုင်ပြီးမေးလိုက်တယ်..

' လွှတ်စမ်းပါကွာ ငါ့တာဝန်ငါလုပ်မလို့..'

' ဘာတာဝန်လည်းကွ သူများအတွဲလုပ်တာကိုချောင်းကြည့်ချင်ရင်ချောင်းကြည့်ချင်တယ်ပေါ့..'
ရှောင်ကျန့်လက်ထဲကနေရှောင်ပိုင်လွတ်သွားတော့တယ်..

' အဲ့ဒါကိုကငါ့ရဲ့တာဝန်..'

'.....'

' boss သူနဲ့လုပ်မယ်ဆိုရင် ကွန်ဒုံးလုံးဝမသုံးရဘူးနော်..မဟုတ်ရင်သူ့ရဲ့ဝိညာဥ်အစိတ်အပိုင်းကျွန်တော်သိမ်းလို့မရပဲ နေလိမ်မယ်..'

villain boss(s-3)Where stories live. Discover now