Arc-4.9

852 84 15
                                    

ကိစ္စများဖြစ်သွားပြီး တစ်ပတ်ကျော်အကြာ၌..

" ဒေါ်လေး.."

" တိတ်စမ်း.."

"....."
ကျားဟုန်ချီးဟာကျန်းလီခန့်ကိုဒေါ်လေးလို့ခေါ်လိုက်တာဖြစ်တယ်..သူတို့အခုအခန်းထဲမှာရှိနေတာကြောင့် အခန်းထဲကသူများသူတို့ခေါ်ပြောနေတာကို ကြားသွားကြပြီးနားစွင့်နေကြတယ်..စာသင်နေတာဆိုပေမဲ့စာကိုစိတ်မဝင်စားပဲ စပ်စုဖို့သာစိတ်ဝင်စားကြတယ်..ကျန်းလီခန့်ဟာသူ့ကိုအဲ့လိုခေါ်လို့စိတ်မဆိုးပေမဲ့ ကျောင်းကသူတွေသိမှာမလိုလားတာကြောင့် တိတ်ဖို့ပြောလိုက်တာဖြစ်တယ်..

ကျားဟုန်ချီးကတော့မျက်နှာငယ်လေးနဲ့ ကျန်းလီခန့်ကိုကြည့်နေတော့သည်။ တစ်နေ့တစ်ခြားကျန်းလီခန့်ဟာသူ့ဦးလေးနဲ့ တူလာမှန်းသိလာခဲ့တယ်..သူ့ဦးလေးနဲ့ကျန်းလီခန့်အကြောင်းကိုသူအကုန်လုံးသိပြီးပြီဖြစ်တယ်..ဘာလို့လည်းဆိုတော့နှစ်ယောက်သားနမ်းနေတာကို သူမြင်သွားတာ​ကြောင့်ဖြစ်တယ်..

လွန်ခဲ့တဲ့တစ်ပတ်လောက်က..ကျားဟုန်ချီးအပြင်ကပြန်လာရော သူ့ဦးလေးအခန်းထဲကနေအသံတွေကြားနေရတာကြောင့် စပ်စုချင်တော့သူအခန်းထဲကိုချောင်းကြည့်ခဲ့တယ်..သူ့ဦးလေးနဲ့ကျန်းလီခန့်ပြင်းပြစွာနမ်းရှိုက်နေတာကို သူ့မျက်လုံးနဲ့သေချာမြင်ခဲ့တယ်..ကံမကောင်းချင်တော့သူခြေချောပြီး အခန်းထဲကိုမှောက်ရက်သားလေးကျသွားခဲ့တယ်..သူချောင်းကြည့်နေမှန်းအထဲကနှစ်ယောက်သိသွားခဲ့။

သူ့ကြောင့်လည်းနမ်းနေတဲ့နှစ်ယောက်ရပ်သွားပြီး သူ့ကိုပြိုင်တူလှည့်ကြည့်ခဲ့တယ်..ကျန်းလီခန့်ကတော့ရှက်ပြီးသူ့ဦးလေးရဲ့ရင်ခွင်ထဲဝင်ပုန်းခဲ့တယ်..အဲ့တုန်းကသူ့ဦးလေးသူ့ကိုကြည့်တဲ့အကြည့်တွေကို သူဒီတသတ်မေ့မှာမဟုတ်ဘူး..အရမ်းကြောက်ဖို့ကောင်းတယ်..မဟုတ်သေးဘူး..ပိုစိုးပတ်စက်ကြောက်ဖို့ကောင်းတယ်..သူ့ကိုချက်ချင်းထသတ်တော့မဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..

အမွှေးတွေတောင်ထောင်တက်သွားခဲ့ရတယ်..အခန်းထဲကနေချက်ချင်းထထွက်ပြေးခဲ့ရတယ်..အဲ့အချိန်ကနေစပြီးသူ့ဦးလေးနဲ့ကျန်းလီခန့် ဘာညာဘာညာဆိုတာသူသိခဲ့တယ်..ကျန်းလီခန့်ကိုလည်းအမြဲတမ်းဖားယားနေခဲ့ရတယ်..ကျန်းလီခန့်ကိုကပ်မှသူ့အတွက်အကျိုးအမြတ်ရမှာဖြစ်တာကြောင့် သူ့သိက္ခာတွေအကုန်လုံးကိုပစ်ထားပြီး ကပ်ဖားခဲ့တယ်..

villain boss(s-3)Where stories live. Discover now