အပိုင်း(15)သုံကြိမ်မြောက်ကန်တော့ခြင်း

594 85 16
                                    

♡♡♡

ပြိင်ပွဲဝင် တစ်ဝက်ကျော်ရောက်လာသည့်အချိန်မှာ ကျန်းရှီးမင်အခုထိထိုင်နေရတုန်းပင်။သူ့ထက် ဂဏန်းကြီးတဲ့သူတွေတောင် သူ့ထက်အရင်အခေါ်ခံရသေးသည်။ကျန်းရှီးမင်သည် ဒါက မူမမှန်ဘူးဆိုတာကို ခံစားမိသည်။

သူ့ကိုမုန်းတဲ့သူတွေက  အာဏာရှိတဲ့သူဖြစ်လောက်သည်။ပြိုင်ပွဲကိုနောက်ကျအောင် တမင်လုပ်သည်။အခုလည်း ကျန်းရှီးမင်ရဲ့ အလှည့်ရောက်မလာသေးပေ။ကျန်းရှီးမင်သည် တော်တော်ကို စိတ်ညစ်လာသည်။

'ငါဘာလို့ ဒီလောက်တောင်ကံဆိုးနေရတာလဲ !! '

ကျန်းရှီးမင်သည် ထိုင်စောင့်နေရတာ ကြာလာတာကြောင့် ဒေါသကထွက်လာသည်။ရတယ်လေ ။ သူတို့က အကျင့်ယုတ်နေရင် သူအကကောင်းနေရင်တောင် အရွေးခံရမှာမဟုတ်ဘူး။

ခဏလောက်ထပ်စောင့်လို့မှ သူ့ကိုမခေါ်ရင် ကျန်းရှီးမင်က အိမ်ပြန်ဖို့ကိုသာ စဥ်းစားလိုက်တော့သည်။ဘယ်လိုပဲဖြစ်ဖြစ် သူက အမုန်းခံနေရတာပဲလေ။

တိတ်ဆိတ်နေသော စင်နောက်တွင် စကားပြောသံများဆူညံ့သွားကာ စင်ဝင်ပေါက်နားသို့ လူတွေအပြေးအလွှားသွားကြတာကို ကျန်းရှီးမင် သတိထားမိသောကြောင့် ထိုနေရာကို လှမ်းကြည့်မိလိုက်သည်။

ထိုအခါ ကျန်းရှီးမင်သည် သူ့စိတ်ထဲတွင် ဆဲရေးမိတော့သည်။လူတွေအများကြီး အပြေးအလွှားမျက်နှာချိုသွေးနေကြတာက' ကျန်းရှောင်မင်' ကြီးဟ။

ကျန်းရှီးမင်သည် ကျန်းရှောင်မင်နှင့် ဝေးဝေးနေချင်တာကြောင့် ထိုလူကိုကျောပေးလိုက်သည်။စိတ်ထဲမှာလည်း သူ့ရဲ့ဆိုးသွမ်းတဲ့ရေစက်ကြောင့် စိတ်ညစ်နေမိ၏။

ကျန်းရှီးမင်က သူ့မျက်နှာ သူအုပ်ထားလိုက်ပင့်မယ့် ကျန်းရှောင်မင်ဘေးက မြေခွေးအုပ်စုရဲ့မျက်စိတွေကနေတော့ မလွတ်နိုင်လိုက်ပေ။

" အော် ဒါဘယ်သူပါလိမ့် "

" ကျန်းရှီးမင်ပါလား ကျွတ် ကျွတ် အိမ်ပေါ်ကဆင်းသွားတယ်ဆိုပြီ သတင်းကြားတုန်းက ရှောင်မင်အတွက် ရန်အေးသွားပြီထင်နေတာ အခုတော့ ဒီမှာတိုက်ဆိုင်သလိုလိုနဲ့ စောင့်နေတယ်ပေါ့လေ ဘာလဲ ငါတို့ရဲ့ရိုးသားတဲ့ရှောင်မင်ကို ထပ်ငွေညစ်မလို့လား "

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now