အပိုင်း(13) ဧည်ခံပွဲထဲက လျှိုဝှက်ချက်

678 79 26
                                    

♡♡♡

"ငါမင်းကိုပြောမယ် ပွဲထဲမှာ ပြသနာထပ်မရှာနဲ့တော့ "

ကျန်းရှီးမင်သည် သူ့ကိုဆူပူသံကြားလိုက်ရတဲ့အခါ ထိုလူက ဘယ်သူလဲဆိုတာသိသွားသည်။

" ရွမ်ပိုင်ယု ! ငါပြသနာထပ်မရှာဘူးလို့ ပြောထားတယ်မှတ်လား ငါ့ကိုလွှတ်တော့ "

" ဘာတွေ ဆက်ဆက်ထိမခံဖြစ်နေတာလဲ "

" လွှတ်ပေး ! "

ကျန်းရှီးမင်သည် ထိုလူနှင့် တကယ်အနီးကပ်မနေချင်ပါ။ဘာကြောင့်မှန်းမသိပင်မယ့် အရင်ကထပ်စိမ်းသက်သက်ခံစားချက်ကိုရသည်။ရွမ်ပိုင်ယု အနားမှာနေရင် ကျန်းရှီးမင်အတွက် ဘာကောင်းကြိုးမှ ဖြစ်လာမည်မဟုတ်ပေ။

သူ့လက်ကို အတင်းချုပ်ကိုင်ထားသော ရွမ်ပိုင်ယုလက်များအား ကျန်းရှီးမင် တွန်းဖယ်ထုတ်နေမိသည်။ ရွမ်ပိုင်ယုကလည်း မလွှတ်ပေးပဲ ထောင့်တစ်ခုတွင် ကျန်းရှီးမင် ပြေးပေါက်မရှိအောင် ကာရပ်လိုက်သည်။

ဒီအချိန်မှာ ရွမ်ပိုင်ယုရဲ့ စိတ်ထဲတွင် ထူးဆန်းသောခံစားဝင်လာခဲ့သည်။ ကျန်းရှီးမင်၏ ရိုးရိုးရှင်းရှင်း အဝတ်အစားလေးက လှုပ်ရမ်းနေမှုကြောင့် အနေအထားအနည်းငယ်ပျက်ယွင်းနေပြီ စည်းနှောင်းထားတဲ့ ဆံပင်စတို့က အနည်းငယ်ဖွာကျနေသည်။

ပါးမို့တွင် အရက်ဒဏ်ကြောင့် နီရဲနေတာနှင့်ပေါင်းလိုက်တဲ့အခါ ကျန်းရှီးမင်ကို အခွင့်အရေး ယူချင်သဖွယ်ကောင်းနေသည်။ဘာကြောင့်မှန်းမသိ ကျန်းရှီးမင်က အတင်းရုန်းကန်နေပင့်မယ့် ကျန်းရှီးမင်လက်ကို ကိုင်ထားသော သူ့လက်က မလွှတ်ပေးမိပေ။ရွမ်ပိုင်ယုက ကျန်းရှီးမင်ကို မလွှတ်ပေးချင်ဘူး။

"ရွမ်ပိုင်ယု ငါနာနေပြီ လက်ကို လွှတ်တော့! ငါပြသနာမရှာဘူးလို့ပြောပြီးပြီးမဟုတ်လား မင်းဘာဖြစ်ချင်နေတာလဲ ! "

" မင်းအခန်းထဲ မပြန်ရဘူး အာ့မင် ကို အပြောခံရအောင်မလုပ်နဲ့ "

" ဟာ ဘာဆိုင်လို့လဲ ငါ့ဘာသာငါ ငါ့အခန်းဝင်တာလေ ! ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ !  "

ကျန်းရှီးမင်သည် ဝိုင်အရှိန်ကြောင့် စိတ်ရှုပ်လာကာ ရွမ်ပိုင်ယုကို အော်လိုက်သည်။သူဒီထက်ပိုသည်းခံနေရင်သူက ကျန်းရှီးမင်မဟုတ်တော့ဘူး ဒီလောက်ကလုံလောက်နေပြီ။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now