အပိုင်း(14) ပြိုင်ပွဲ

504 80 19
                                    

♡♡♡

လူတကာရဲ့ ဝိုင်းကြည့်တာကို ခံရပြီတဲ့နောက်မှာတော့ ကျန်းရှီးမင်သည် ဟိုတယ် အခန်းထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။နောက်နေ့ကစပြီ သူ Mask တပ်ထားမှ ဖြစ်တော့မည် ဒီနေ့သူအရှက်တွေက အငွေ့ပြန် ပျောက်သွားပြီးမို့လို့ ဒီအတိုင်းဆက်မနေရဲတော့ဘူး။

ကျန်းရှီးမင်သည် သူ့ရဲ့ သွေးထွက်နေတဲ့ လက်ကိုဆေးထည့်ဖို့အတွက် ရေဆေးရန် ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။မှန်ထဲတွင် ကျန်းရှီးမင် ပုံစံက တော်တော်ကိုဆိုးနေသည်။

ရှပ်အကျီကော်လံပါအဖြူ  ရယ်၊ အောက်ခံဘောင်ဘီရယ် ရှုပ်ပွနေတဲ့ ဆံပင်တွေ ၊သွေးထွက်နေတဲ့လက် ဒါလုံးဝကြီးကို ရာဇဝတ်မှုလုပ်လာခဲ့တဲ့သူပုံစံပဲ။ဟုတ်သားပဲ သိတယ် ရာဇဝတ်မှုကျူးလွန်ခဲ့တာ။သူ လူတစ်ယောက်ကိုခေါင်းရိုက်ခွဲခဲ့သည်။

သူမှားတယ်လို့ နည်းနည်းလေးတောင်မထင်ဘူး။သူမမှားဘူး။ဒါပေမယ့် မူလပိုင်ရှင်ကို သူအားနာသည်။ကျန်းရှီးမင် မသိတာက ဘယ်လိုလုပ်ပြီး သူတို့က မူလပိုင်ရှင်ရဲ့ ငယ်ဘဝအကြောင်းသိနေရတာလဲ။

ကျန်းရှီးမင်သည် မူလပိုင်ရှင်ကို အပြင်ထွက်ခွင့်ပြုလိုက်သည်။သူသိချင်နေတာတွေရှိတယ်မဟုတ်လား။

" ငါပြသနာရှာထားတယ် "

"အဲ့ပြသနာ ကို ငါကြိုက်တယ် မင်းသူတို့ မျက်နှာမဲ့သွားတာ တွေ့လိုက်လား ငါအရမ်းအားရတာပဲ ကျေးဇူးတင်တယ် ငါအခုကစပြီး မင်းစကားကိုနားထောင်မယ် သိလား  "

"  ငါ့မှာမေးစရာရှိတယ် "

" မင်းမေးမှာကို ငါသိတယ် ငါမပြောချင်ဖြစ်နေတာ "

" ငါ့မှာ မင်းစာအုပ်တွေရှိတာပဲ အဲ့တာပဲ ဖတ်လိုက်ရမလား "

" ငါပဲပြောပြပါတော့မယ်"

" အိုကေ ပြော "

" မင်းလည်း ဖုန်းရှန်းနဲ့ငါ့ အကြောင်းသိပြီးပြီးဆိုတော့ ငါအဲ့အကြောင်းကစပြီးပြောပြမယ် လွန်ခဲ့တဲ့ ၂ လမင်းမလာခင်ပေါ့ အဲ့တုန်းက ငါကျန်းရှောင်မင်ကို ရေနွေးပူနဲ့ ပတ်လိုက်မိတယ် အဲ့တာကို ဖုန်းရှန်းကမကျေမနပ်ဖြစ်ပြီ ငါတို့ အရင်က တောမှာနေတာကို ကြားလိုက်တဲ့အချိန်မှာ သူက ငါ့အကြောင်းရှာတွေ့သွားတယ် နည်းနည်းတော့ ပြဇာတ်ဆန်ပင့်မယ့် အဲ့အတိုင်းပဲ အဲ့အကြောင်းကို လူတွေမသိစေချင်ရင် သူနဲ့ ၃ ခါတိတိအတူအိပ်ရမယ်လို့ပြောတယ် အဲ့တာနဲ့ ငါလည်း.... "

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now