သူငယ်ချင်း(6)

791 101 4
                                    

♡♡♡

အေးစက်လှသော ဆောင်းရာသီမနတ်ခင်းတစ်ခုတွင် လူတစ်ယောက်သည် ရေချိုးခန်းထဲမှ အလုပ်ရှုပ်နေ၏။ ထိုလူက ကျန်းရှီးမင်သာဖြစ်သည်။သူ့ဘေးနားတွင်လည်း အဝတ်အစားများထည့်ထားသော ဇလုံတစ်လုံးလည်းရှိသေးသည်။

ကျန်းရှီးမင်သည် တောင်လိုပုံနေသော အဝတ်အစားများကို ကြည့်ပြီ ဒေါသများထွက်လာသည်။အကျီပိုင်ရှင်ကိုထုထောင်းချင်ပေမယ့်ထို့သို့ လုပ်မရတာကြောင့် လူအစား အကျီကိုသာ ထုထောင်းနေရ၏။

ဒီရက်ပိုင်း အတွင်း ကျန်းရှီးမင်သည် ဝမ်းအန်း၏အစေခံကြီး လုံးလုံးဖြစ်သွားရသည်။အဝတ်လျော်ရင်လည်း ကျန်းရှီးမင်။ သန့်ရှင်းရေးလုပ်လည်း ကျန်းရှီးမင်။အမှိုက်ပြစ်လည်း ကျန်းရှီးမင် မနတ်စာသွားဝယ်ပေးရတာလည်း ကျန်းရှီးမင်။

နောက်ဆုံး ဝမ်းအန်း ရေချိုးဖို့ကအစရေပြင်ပေးရတာကလည်း ကျန်းရှီးမင်ပင်ဖြစ်သည်။ကျန်းရှီးမင် မလုပ်ရတာဆိုလို့ ဝမ်းအန်း အိမ်သာတက်လျှင် အညစ်အကြေးသုတ်ပေးရတာနှင့် အကျီဝတ်ပေးရတာသာရှိတော့သည်။

ကျန်းရှီးမင် ပြောခဲ့သည်က အဝတ်လျော်ပေးဖို့ကိုပင်။အစေခံလုပ်ဖို့မဟုတ်ပေ။အခုတော့ သူက ပိုက်ဆံလည်းမရပါပဲ သူတစ်ပါးဝေယျာဝိစများလုပ်ပေးနေရသည်။ဝမ်းအန်းက ကျန်းရှီးမင်၏မိန်းမလည်းမဟုတ်ပေ။

ကျန်းရှီးမင် စိတ်အဆင်ပြေမနေပင့်မယ့် သေချာပေါက် ဒီအကြောင်းတွေကို ဝမ်းအန်းအားသွားမပြောရဲပေ။သူမသေချင်သေးပါ။သို့သော် မကြာခင် သူခဲပြီသေလောက်သည်။

အကြောင်းအရင်းကတော့ ချစ်လှစွာသောအစ်ကိုကြီးဝမ်းသည် မနက်ဖြန် အပြင်သွားစရာရှိသောကြောင့် မနတ်ဖြန်ဝတ်မည် အဝတ်အစားများအား ဒီနေ့မနတ်ထ၍ စောစောလျော်ထားပေးရန်ပြောလာသောကြောင့်ပင်။

ကျန်းရှီးမင်က မကျေမနပ်ဖြစ်သွားပေမယ့် သူသွားမပြောရဲပေ။

"ကောင်းတယ် ကောင်းတယ် သူက အိပ်နေတယ် ငါကျတော့ သူ့အဝတ်တွေလျော်နေရတယ် ဘာလဲ သူက ငါ့မိန်းမမို့လို့လား တကယ်စိတ်ညစ်တာပဲ ကဲကွာ အဝတ်စုတ်တွေ ... "

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now