အပိုင်း(10)အမှတ်မထင်တွေ့ဆုံတဲ့သူ

768 101 33
                                    

♡♡♡

ညနက်သန်းခေါင်တွင် အခန်းတစ်ခုအတွင်းရှိူက်သံတိုးတိုးကလေးထွက်လာသည်။တိတ်ဆိတ်နေတဲ့ ညမှာအငိုသန်တဲ့ တစ္စေ တစ်ကောင် ငိုကြွေးနေသလားဟုတောင်ထင်ရသည်။

နာရီလက်တံသံတချက်ချက်တောင်ကြားနေရတဲ့ အချိန်မှာ ရှိုက်သံသေးသေးလေးကလည်း ထိတ်လန့်စဖွယ်ဖြစ်သွားနိုင်သည်။သို့ပေမယ့် ငိုနေတဲ့သူကတော့ ဘာကိုမှ ဂရုမစိုက်မိသည့်ပုံပင်။

သူက စာအုပ်ကလေးတစ်အုပ်ကို ကိုင်ထားရင်း တရှုတ်ရှုတ်ငိုကျွေးနေ၏။ထိုလူက ကျန်းရှီးမင်ပင်ဖြစ်သည်။မူလပိုင်ရှင်ရဲ့ ၃ အုပ်မြှောက် ဒိုင်ယာရီကို ဖတ်ပြီးတဲ့ အချိန် ကျန်းရှီးမင် အလွန်ကိုမှ ဝမ်းနည်းလာသည်။

သူအစကထင်ခဲ့သည်။မူလပိုင်ရှင်ကမကောင်းတဲ့ကောင်လို့ ဒါပေမယ့် အခုလို အကြောင်းအရင်းမျိုးရှိခဲ့မယ်လို့ မထင်ထားခဲ့မိပေ။မူလပိုင်ရှင်က အရမ်းသနားစရာကောင်းတာပဲ။

ကျန်းရှီးမင်သည် ခေါင်းအုံးတစ်လုံးကို လက်သီးနဲ့ထိုးရင်း " အဲ့ကောင်ကို ငါ့လက်နဲ့ သတ်ချင်လိုက်တာ လူမဆန်တဲ့ကောင် ကလေးတစ်ယောက်ကို သူမို့လုပ်ရက်တယ် အားးး ဒေါသထွက်လာပြီ "

ကျန်းရှီးမင်သည် မူလပိုင်ရှင်ရဲ့အဖြစ်အပျက်ကို စာနာမိသည်။ဒေါသလည်းထွက်သည်။ ဘာဆက်ဖြစ်သွားမလဲဆိုတာ သူဆက်ဖတ်ချင်ပင့်မယ့် အချိန်က မနတ် ၇နာရီတောင်ထိုးတော့မည်ဖြစ်သည်။သူစာအုပ်ထဲ မျောဝင်သွားပြီး အချိန်တော်တော်ကြာစိတ်မကောင်းဖြစ်ပြီး ငိုခဲ့မိတာပဲ။

မျက်နှာချင်ဆိုင်မှာရှိတဲ့ မှန်ထဲမှာ ကောင်လေးတစ်ယောက်ရဲ့ မျက်လုံးအောက်က မဲနက်နေပြီ ဖြစ်သည်။သူတစ်ရေးမှ မအိပ်ရင် သေသွားမှာစိုးပါသည်။ဒီလို သနားစရာကောင်းတဲ့ ခန္ဓာကိုယ့်ကိုရထားပြီး အကြောင်းမဲ့သေလို့မဖြစ်ပေ။

ဒါပေမယ့် သူအိပ်လို့မရဘူး။အဲ့မြင်ကွင်းကြီးက သူ့ကိုအရမ်း ထိတ်လန့်စေခဲ့သည်။ကျန်းရှီးမင်သည် ဒေါသထွက်စွာ ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။

သူထပ်မအိပ်နိုင်ရင်တော့ ထပြီ တစ်ခုခုလုပ်တာကပ်ိုအဆင်ပြေအုန်းမည်။ မဟုတ်လျှင် သူဒေါသထွက်လို့ သေသွားလောက်သည်။ ၇ နာရီ ထိုးပြီးမိနစ်အနည်းငယ်ကြာတဲ့အခါ မနတ်စာ စားဖို့ အိမ်ဖော်တစ်ယောက်က လာခေါ်တာကြောင် ကျန်းရှီးမင်သည် လွှတ်ပစ်ရမည် စာအုပ်များကို အိတ်နဲ့ ထုတ်နေရာမှ လက်ကိုဖုန်ခါပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now