ကြက်ကြော်လေး(1)

1.9K 149 5
                                    

♡♡♡

အဖြူရောင် မျက်နှာကျက်ကို သူမျက်လုံးဖွင့်တာနဲ့ မြင်လိုက်ရတယ်။ဒါဘယ်နေရာလဲ။ သူဘေးဘီကို တချက်ကြည့်လိုက်တော့ သူရောက်နေတာက ဆေးရုံးအခန်းတစ်ခုဆိုတာကို သူသိလိုက်တယ်။

သူအင်အားချီနဲ့စွာ လက်ကိုမြောက်လိုက်တော့ ဘဲလ်ကို နှိပ်မိသွားသလိုဖြစ်သွားပြီ သူနာပြုတစ်ယောက်က အခန်းထဲကိုပြေးဝင်လာတယ်။

" လူနာကျန်း နိုးနေပြီးပဲ မသက်မသာခံစားရသေးလား "

" ကျွန်တော် အဆင်ပြေပါတယ် "

  ခေါင်းတွေမှုးနောက်နေပင့်မယ့်သူနာပြုရဲ့ နွေးထွေးတဲ့ အမေးစကားကြောင့် သူပြန်ဖြေလိုက်တယ်။စကားမပြောရတာ ဘယ်နှစ်ရက်ေတာင် ကြာသွားတာလဲ။ သူ့အသံတွေက အပ်သြနေတယ်။

သူနာပြုက ဒါကို သတိပြုမိသွားပြီး သူ့ကို ရေတခွက်ကမ်းလာပေးတယ်။သူယှဥ်ယှဥ်ကျေးကျေး သူမကိုပြုံးပြလိုက်တော့ သူမက ပါးတွေနီကာ ရှက်သွေးဖြာသွားတော့၏။

' သေစမ်း ဘာလို့ အဲ့လောက်ထိချောနေရတာလဲ '

သူနာပြု သူ့ကို ထပ်မကြည့်ရဲတော့ပဲ။ဆရာဝန်ကို အကြောင်းကြားဖို့ အခန်းပြင်ထွက်သွားတော့တယ်။သူရေသောက်ပြီးတဲ့အခါ သူ့ခေါင်းထဲ အတွေးတွေစတင်ဝင်ရောက်လာတယ်။

'သူကဘယ်သူလဲ '
'ဘာလို့ ဒီရောက်နေတာလဲ '

သူစဥ်းစားနေရင်း ဗိုက်ဆာလာတာကြောင့် ကုတင်ဘေးက ပန်းသီးတစ်လုံးကို လက်နဲ့ပွတ်ပြီး တစ်ကိုက်ကိုက်လိုက်တယ်။သူလှုတ်ရှားလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုဖြစ်မလာတာကြောင့် သူကဒဏ်ရာကြီးကြီး မားမားရပြီ ဆေးရုံးလာတက်တာမဟုတ်လောက်ပါ။

သူစူးစမ်းဖို့ ကုတင်ပေါ်က ဆင်းလိုက်တယ်။သူ့ခြေထောက်တွေကတော့ သာခွေယိုင်ဖြစ်နေခဲ့တယ်။သေချာတာကတော့ သူ တပတ်လောက် လမ်းမလျောက်ခဲ့တာဖြစ်နိုင်တယ်။

သူခြေလှမ်းတွေကို ထိန်းထားရင်း ကုတင်အောက်မှာကပ်ထားတဲ့ စာရွက်ကို လှမ်းဖြုတ်လိုက်တယ်။အဲ့မှာရေးထားတာက လူနာနာမည် ' ကျန်းရှီးမင် ' အသက် ' 23 ' နှစ် ။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now