အပိုင်း(8.1)ပထမသားက အလှလေး

780 102 9
                                    

♡♡♡

Bus ကားစီးနေရင်း ကျန်းရှီးမင်တွေးမိသည်။မူလပိုင်ရှင်အဖေဖြစ်သူကဘာကြောင့် သူ့ကို အခုမှတွေ့ဖို့ခေါ်ရတာလဲ ဆိုတာကိုပင်။ကျန်းရှီးမင် ကူးပြောင်းလာတာပဲ ၁လတောင်ပြည့်နေပြီဖြစ်သည်။အရင်တခေါက်အိမ်ကို အသိမ်းခံလိုက်ရကတည်းက အဖေဆိုတဲ့ စကားကို အခုမှပြန်ကြာရခြင်းဖြစ်သည်။

နောက်ပြီ ဘာလို့ အိမ်မက်မမက်ရတာလဲ။ မူလပိုင်ရှင်နဲ့ သိခဲ့ဖူးတဲ့ လူတိုင်းကို ကျန်းရှီးမင် တွေ့ရမည်ဆိုရင် အမြဲ အိမ်မက်မက်နေကြဖြစ်သည်။ဒါပေမယ့် ဘာလို့ မူလပိုင်ရှင်ရဲ့ မိဘတွေအကြောင်းအိမ်မက်မမက်ရတာလဲ။

မူလပိုင်ရှင်က သူ့မိဘတွေနဲ့ မွေးကတည်းက မတွေ့ဖူးတာမျိုးတော့မဟုတ်လောက်ဘူး မဟုတ်လား။ကျန်းရှီးမင် ရှုပ်ထွေးသွားသည်။ သေချာတာက မူလပိုင်ရှင်နဲ့ သူ့မိဘတွေက သိပ်တော့ အဆင်ပြေသည့်ပုံမပေါ်ပေ။

ဘာကြောင့်ဆိုလျှင် အသံစူးစူးနဲ့ လူရဲ့ စကားအသွားအလာကိုကြည့်လိုက်တာနှင့် သိနိုင်သည်။အကယ်၍ မူလပိုင်ရှင် နဲ့ သူ့မိဘက ဆက်ဆံရေးပြေပြစ်ပါလျှင် ဖုန်းဆက်ခေါ်တဲ့လူရဲ့အသံက ဒီလိုမာထန်ကာ စိတ်မပါတပါဖြစ်နေမည်မဟုတ်ပေ။

တကယ်တော့ ကျန်းရှီးမင်က မူလပိုင်ရှင်ရဲ့ မိဘတွေရဲ့ အကြောင်းကို မသိသောကြောင့် မတွေ့ချင်ပါ။ယခုလည်း မိသားစုပြသနာထဲမပါချင်သောကြောင့် ပို၍ပင် မတွေ့ချင်တော့ချေ။

ကျန်းရှီးမင်သည် လေလံနေသော စိတ်ကလေးကို ကျောပိုးထားရင် သူ့ရှေ့တွင်ရှိနေသော ကြီးမားသည့် အိမ်ကြီးကို မော့ကြည့်လိုက်မိသည်။ထိုအိမ်ကြီးသည် ပန်းခြံအကျယ်ကြီးရှိပြီး အဝေးမှမြင်နေရသော အိမ်ကလည်း ကျန်းရှီးမင်၏ အကြွေးဖြင့် အသိမ်းခံလိုက်ရသော အိမ်ထက် ၅ဆလောက်ပိုကြီး၏။

မူလပိုင်ရှင်ရဲ့ မိဘတွေက ဒီလောက်ချမ်းသာလိမ့်မယ်လို့ ကျန်းရှီးမင်မထင်မိခဲ့ပေ။ အိမ်ကိုအကြွေးတင်၍ သိမ်းသွားသည် ဆိုသောကြောင့် မူလပိုင်ရှင်ရဲ့ မိဘတွေက အခုဆို လမ်းဘေးတဲထိုးနေနေလောက်ပြီးဟု တွေးမိသေးသည်။

ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြစ်ချင်ရုံပါပဲ(China  novel)Where stories live. Discover now